10

3.8K 468 66
                                    

(For Unicode)

အနည်းငယ်ထုံထိုင်းမူးဝေနေသော ခေါင်းကိုဖိကာ Seok Jinအိပ်ယာမှလူးလဲထားလိုက်သည်

ဒီနေ့မနက်ပိုင်းအတန်းချိန်တွေမရှိတာမို့ တော်သေးသည်ဟုပင်ပြောရမည်..မဟုတ်ရင်မလွယ်
ခေါင်းကိုခါယမ်းရင်း ထ ထိုင်လိုက်တော့ သူ့စားပွဲပေါ်မှ ခပ်သင်းသင်းကော်ဖီရနံ့ကိုရလိုက်သည်

သိပ်မပူတော့သော်လည်း နွေးနေသေး၏..

"Kim Namjoonဖျော်ထားတာလား?
ဘာလို့ငါ့စားပွဲပေါ်လာတင်ထားကာလိမ့်"

နှုတ်မှတီးတိုးရေရွတ်နေစဉ် အခန်းတံခါးဖွင့်သံနှင့်အတူ Kim Namjoonဝင်လာသည်...
လက်ထဲတွင်လဲ အထုတ်ပေါင်းများစွာနှင့်..

""စီနီယာ နှိုးပြီလား""

ကျားသားမိုးကြိုး!!!
နားရှိလို့သာကြားရတယ်
မျက်လုံးရှိလို့သာမြင်လိုက်ရတယ်..

တွေ့စကတည်းကချေပြီးရင်ချေနေသော
အနှီရေခဲလူသားက သူ့အားပြုံးကာနှုတ်ဆက်သတဲ့လား..?
အမူးမပြေသေးလို့ထင်ရာမြင်ရာတွေလျှောက်ထင်နေတာလား...?

ဒါမှမဟုတ် ည ကမူးမူးနဲ့ ပညာတွေပြလိုက်လို့
ကြောက်လန့်ပြီး ရိုကျိုးကုန်တာများလား..?
ဘာလဲဟ..!!

အတွေးပေါင်းစုံနှင့်အူလည်လည်ဖြစ်နေသော
သူ့ဆီကို Kim Namjoonက ဘူးလေးတစ်ဗူးကိုင်ကာ လျှောက်လာပြီး ကမ်းပေးလိုက်သည်.

"ကျွန်တော် မနက်စာဝယ်လာခဲ့တယ်..
မနေ့ညက စီနီယာအရမ်းအန်ထားတော့
ဗိုက်ထဲအဆာရှိမှာမဟုတ်ဘူး"

Seok jinခေါင်းထဲဗုံးကြဲလိုက်သလို
ဝုန်းဒိုင်းဖြစ်သွားရ၏..
သူဒီကောင့်ရှေ့မှာအန်မိသည်?
Image ထိခိုက်လိုက်လေခြင်း...

"ကျစ်..အာ တကယ်ဆောရီးကွာ..
ကိုယ်မနေ့ကတော်တော်မူးနေတော့..."

အားနာဟန်စွက်သည့်သူ့မျက်ဝန်းတွေကိုရိပ်မိသည့်အလား Kim Namjoonက နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး..

"ကျွန်တော့်ကိုအားနာစရာမလိုပါဘူး..
စားလိုက်အုံးနော် ကျွန်တော်အတန်းရှိသေးလို့ သွားတော့မယ်"

ကမ်းပေးလာသော မနက်စာဗူးလေးကိုယူလိုက်စဉ် ကျောက်စိမ်းဖြူသားလို ကျော့ရှင်းသော လက်ချောင်းတွေနှင့် ခဏမျှထိတွေ့လိုက်ရ၏..
အချိန်ခဏလေးပေမဲ့ ထိုလက်ချောင်းတွေအေးစက်နေတာကို Seok jinခံစားလိုက်ရ၏..

Give LoveWhere stories live. Discover now