4

3.7K 516 36
                                    

(For Unicode)

ဒီနေ့ ကကျွန်တော့်ရဲ့အထက်တန်း ကျောင်းသားဘဝနောက်ဆုံးနေ့ ဖြစ်၏..
စာမေးပွဲ ပြီးသည်နှင့် ဘယ်သူ့ကိုမှ မနှုတ်ဆက်နိုင်အားပဲ "အစ်ကို"တို့ ကျောင်းနားလေးက ကော်ဖီဆိုင်ကိုအပြေးလေးလာခဲ့လိုက်သည်

ဘလက်ကော်ဖီခါးခါးတစ်ခွက်ကို သောက်ရင်း ကျွန်တော့်ရင်တွေလည်းအဆက်မပြတ်ခုန်လို့နေတယ်...အစ်ကို့ကိုမမြင်ရတဲ့ ဒီရက်ပိုင်းလေးတွေမှာတောင် ကျွန်တော်သေလောက်အောင် လွမ်းနေမိခဲ့သည်...

အစ်ကိုက အတန်းဆင်းလျှင် အမြဲ ဒီဆိုင်လေးမှာလာထိုင်နေကျမို့ Namjoonနာရီကိုတစ်ကြည့်ကြည့်နှင့် စောင့်နေမိသည်...
သူ့ခန့်မှန်းချက်မမှားခဲ့ပါ...

ခနအကြာ အညိုရောင် ကုတ်အရှည်တစ်ထည်နှင့် စာတမ်းတစ်စောင်ကို ကိုင်ထားတဲ့ မင်းသားလေးတစ်ပါးက ဆောင်းရဲ့နှင်းမြူထုတွေကြားထဲကနေ တောက်ပစွာ လျှောက်လှမ်းလာတာကိုတွေ့လိုက်ရသည်...

နံဘေးတွင် အဖော်သုံးလေးယောက်လောက်ပါပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာ
"အစ်ကို"ကသာ နေရာအပြည့်ယူထားလေတယ်...

အစ်ကို စိတ်အနှောင့်အယှက်မဖြစ်ရအောင် သူ ထောင့်စွန်းဝိုင်းလေးတွင်ထိုင်ကာ တိတ်တဆိတ် သာ ငေးကြည့်နေမိသည် .

သို့သော်လည်း အမြဲတစေ လိုက်ကပ်နေတဲ့ ကျွန်တော့်ကိုသိပုံရသော အစ်ကို့သူငယ်ချင်းတစ်ယောက်က မြင်သွားကာ ကျောပေးထားတဲ့ အစ်ကို့ကိုလက်တို့ကာ ပြုံးပြီးပြောလိုက်သည်ကိုမြင်လိုက်ရ၏ ..

မကြာပါ သူ့ဘက်သို့ ဖြေးညှင်းစွာလှည့်လာပါသော "အစ်ကို"..
ခါတိုင်းလို အလိုမကျသောမျက်ဝန်းတွေနဲ့မဟုတ်ပဲ ပြုံးနေသော နှုတ်ခမ်းပါးလေးတွေနှင့် လက်လှမ်းပြကာ ကျွန်တော့်ကိုခေါ်နေသည်..

ဘုရားရေ....ကျွန်တော်အခုအိပ်မက်ထဲမှာလား?

"မင်း...စာမေးပွဲ ဖြေနိုင်လား.."

ဆည်းလည်းလေးလို အစ်ကို့အသံချိုချိုလေး ကြားမှ ဒါဟာလက်တွေ့ဆိုတာသူသတိထားမိသည်...

"ဟုတ်..ဟုတ်..ကျွန်တော်ဖြေနိုင်ပါတယ်.."

"ကော်ဖီ သောက်လေ.."

Give LoveWhere stories live. Discover now