For Unicode
နှိုးစက်သံကင်းမဲ့နေသော
အခန်းငယ်က ခါတိုင်းလို
အလောတကြီး ရှိမနေ...။ပိတ်ရက်ဆိုလျှင် နေမြင့်သည်အထိ
အိပ်တတ်သော သူတစ်ယောက်ကြောင့်
Namjoonအလိုက်တသိပင်တိုးတိတ်စွာပြုမူရသည်။မနက်စောစောထပြေးနေကျအကျင့်ကြောင့် ဆက်အိပ်ချင်လျှင်တောင်မှအိပ်မရလောက်အောင် မျက်လုံးတွေက ကြောင်နေ၏။
ဘေး ကုတင် မှ အစ်ကိုကတော့
အိပ်မက် ကမ္ဘာထဲလူးလာခေါက်ပြန်အလည်၀င်နေတုန်းရှိမည်ထင်သည်။အနည်းငယ်လျှောကျနေသော စောင်ကို
သေချာ ခြုံပေးလိုက်ကာ မျက်နှာချောချောရှေ့တွင် ခစားနေကြသည့် ဆံပင်တစ်ချို့ကို မနာလိုစွာသပ်တင်ပေးလိုက်သည်။အခုမှ ရှင်းလင်းစွာပေါ်လာပါသော ကျွန်တော်၏နေမင်းတစ်စင်း.....။
.
.
.
.Namjoonပြန်ရောက်တော့
လစ်ဟာနေသော ကုတင်ကိုတွေ့လိုက်ရသည်။ မစောတော့သော်လည်း အစ်ကို ထသည့်အချိန်တော့မဟုတ်ချေ..ခြေရင်းတွင်ပုံကျနေသော စောင်ကို
သေချာခေါက်ပေးကာ တင်လိုက်ပြီး
ခနထိုင်လိုက်သည်။မကြာပါ ရေချိုးခန်းထဲမှ
လေတချွန်ချွန်နှင့်ထွက်လာသော အစ်ကို..""သွားစရာရှိလို့လား..""
ရေစက်တွေခိုတွဲလက်စမျက်နှာကို တစ်၀ကြီးငေးကြည့်ချင်သော်လည်း
ဟန်ထိန်းကာ Namjoonတဘက်ကိုကမ်းပေးလိုက်သည်။""အေး Dateလုပ်မလို့""
ရိုးရိုးသားသားပေါ့ပါးစွာဖြေလိုက်သော
အစ်ကို့အသံကိုကြားကာ မီးစတစ်ခုက ရင်ဘတ်သို့လာစင်မှန်သလို ပူစပ်စပ်...
သို့သော် Namjoonခပ်သောသောတစ်ချက်ရယ်ကာ..""တကယ်...
အစ်ကို့မှာ ရည်းစားလဲမရှိပဲနဲ့""သူ့စကားကြားတော့ မျက်မှောင်ကြီးကြုံ့ကာ
တစ်ချက်လှမ်းကြည့်လိုက်ပြီး..""ငါ နောက်ဆုံးနှစ်ရောက်ပြီကွ..
အနည်းဆုံးတော့....."စကားပြောနေရင်း ခနနားကာလက်ငါးချောင်းကိုထောင်လိုက်ပြီး
YOU ARE READING
Give Love
Fanfictionသူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို