(For Unicode)အတန်းဖော်သူငယ်ချင်းတွေနှင့်အတူ Coffeeဆိုင်လေးတွင် ရေလိုက်ငါးလိုက်စကားပြောနေပေမဲ့ Namjoon စိတ်မပါလှ..
အကြောင်းမှာ သူ့အားကျောပေးထိုင်ထားသော
လူတစ်ယောက်ကြောင့် ဖြစ်သည်..
ပျားရည်အေးတစ်ခွက်ကို အီလည်လည်သောက်နေပုံက အရက်နာကျနေမှန်းသိသာသည်..ဘာလို့များတွေ့တိုင်း အလိုမကျစရာတွေပဲလဲ..
နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်က စာကိုအလေးမထားတာ စိတ်တိုစရာကောင်းလှသည်...."Namjoon ဟေး ဘာတွေငေးနေတာလဲ"
ဘေးကသူငယ်ချင်းတစ်ယောက်က ပုခုံးကိုတို့ကာမေးလိုက်ခြင်းဖြစ်သည်..ထိုအသံကိုကြားတော့ တစ်ဖက်ဝိုင်းက ကျောပေးထားသော
သူက လှည့်ကြည့်လာသည်..ထို့နောက် ချက်ချင်း ပင်မျက်နှာကိုပြန်လွှဲသွားတော့၏.."သွားကြစို့..အတန်းစတော့မယ်"
Namjoonစားပွဲကိုတစ်ချက်ပုတ်ကာ ပြောလိုက်ပြီး သွားရန်ဆော်သြလိုက်သည်....ဘာကိုအလိုမကျလဲဆိုတာ သူကိုယ်တိုင်ပင်မသိခဲ့ပါ..
.
.
.
Coffeeဆိုင်ထဲမှ ကောင်လေးအုပ်စုထွက်သွားတော့ Seok jinဘာရယ်မဟုတ် တစ်ချက်လှမ်းကြည့်လိုက်သည်...ခုနက ထိုအုပ်စု ထဲတွင် Kim namjoonဟူသော ဂျူနီယာကိုမြင်လိုက်သည်မဟုတ်ပါလား..?"ဟေး..ရှေ့ဆုံးကတစ်ယောက်က အရမ်းနာမည်ကြီးနေတာနော် Seok Jin...မင်းမြင်လိုက်လား"
Seok jinပျားရည်ကိုပိုက်လေးနှင့်စုပ်ကာ ရှေ့က Sung woo ကို မျက်လုံးပင့်ကြည့်လိုက်ကာခေါင်းယမ်းပြလိုက်သည်...
"ကျစ်..ရှေ့က ကုတ်အမည်းနဲ့လေကွာ..ဆံပင်ငွေရောင်နဲ့.."
ခုနကဖြတ်သွားသော Kim namjoon၏ပုံရိပ်ကို သူ ပြန်မြင်လာရသည်..
နာမည်ကြီးတာထူးဆန်းစရာတော့မရှိပါဘူး..
ပထမနှစ်ပဲရှိသေးတာတောင် ဒီလောက် စတိုင်လ်မိနေတာ..."အေး..အဲ့တာဘာဖြစ်လဲ?တစ်နှစ်တစ်ယောက်ကတော့ ပေါ်နေကြပဲ.."
သူစိတ်မဝင်စားသလိုပြောတော့ Sung wooက
တစ်ချက်ရယ်လိုက်သည်..ပုံစံကအယုတ်တမာအပြုံးနှင့်..."မင်း စိတ်ဝင်စားနေတဲ့ တတိယနှစ်က lee eun yi က သူ့ကိုသဘောကျနေတယ်ဆိုရင်ရော.."
YOU ARE READING
Give Love
Fanfictionသူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို