ZawgyiPart.15အဆက်မဟုတ်ပါ..
အမှတိတရသက်သက်ပါ..Beautiful memory(1)
Piggy baby and baby dogခြင်းလေးထဲက..
ဖြူဖြူဝဝခွေးအမွေးပွလေးကိုကြည့်ရင်း..
ရှင်းသဘောကျစွာ..ထပ်ရယ်မိပြန်သည်...။အမြဲ သူလေ့ကျင့်ချိန်တိုင်း
လာထိုင်စောင့်နေတတ်သည့်
ကလေး လေးကို အဖော်ရအောင်ရယ်ပါ..။အိမ်တော်ကိုဆက်ခံမည့်သားကြီးပီပီ
ရှစ်နှစ်ကျော်ကိုးနှစ်နီးပါးရှိသေးသော်ငြား
ရှင်း အမြဲဓားကျင့်ရပါသည်..ဓားကျင့်ပါတယ်ဆို..အနည်းငယ်ထိခိုက်မိကတော့
ရှိသည်ပဲလေ..ပြဿနာက..ကိုယ်တော်လေး
ကျောင်းပိတ်ရက်တွေဆို..ရှင်းမှလွဲရင်
ကစားစရာအဖော်မရှိတော့..ပျင်းပျင်းနဲ့
ဘေးကနေလာကြည့်..ရှင်း..နည်းနည်းလဲတာနဲ့
ပြဲနေအောင်အော်တော့ရှင်းလည်း စိတ်အာရုံထားလို့မရသလို..
ငိုမဲ့မဲ့မျက်နှာဖောင်းဖောင်းလေးကိုလည်း
မကြည့်ရက်ပါ.."ကိုကို..ရေ''
ဟော..ခြောက်နှစ်သားကျောင်းသားကြီး
ပြန်လာပါပြီ..ရှင်းမအားတိုင်းသွားကြိုပေးသည့်
ဖေဖေကတော့..ထုံးစံအတိုင်းပြုံးကာကြည့်နေသည်..။"အင့်..''
ရင်ခွင်ထဲပစ်ဝင်တဲ့ ဒီဝက်လုံးပေတလူးလေး.
ခေါ်လာသည့်..ခွေးလေးကိုပြကာ
"ခွေးလေးကိုချစ်လား..ဂျင်းလေး...''
ရင်ခွင်ထဲ ကနေထွက်ကာ
ထိပ်ကနေစည်းပေးထားသည့်
ငွေဖြူရောင်ဆံနွယ်လေးတွေကို..ဖယ်ရင်း
သေချာ..ပြူးကြည့်နေသော်လည်း..
လာဖက်တွယ်သည်တော့မရှိ...ခွေးလေးကိုကြောက်နေတာများလား..
"မကြောက်ပါနဲ့..ဂျင်းလေး
ဒီမှာကြည့် ပွေ့လို့ရတယ်လေ..'ခွေးလေးအား..ချီကာဖက်ပြလေတော့...
"ဟွန့်''
အလိုလေး.
စကားတောင်ပီအောင်မပြောတတ်သေးတဲ့
ဟာလေးက..နှုတ်ခမ်းရဲရဲသေးသေးလေးကို
တွန့်ကွေးအောင်..မဲ့ပလိုက်တာများ..
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)