' ကောင်းပြီလေ ....ဝင်ထွက်ခွင့်ပေးမယ် ကြင်ရာတော်လက်ခံရင်ပေါ့ '
' ကြင်ရာတော်က အဲ့လောက်တောင်အရေးပါနေပြီလား '
' ဒါပေါ့ ကြင်ရာတော်က အိမ်ရှေ့စံအတွက် HarOnn ထက်ပိုပြီးအရေးပါတယ်ဆိုတာ သိရဲ့လား ...'
မိဖုရားကပေးလာတဲ့ ပထမဆုံးသောရွေးချယ်ခွင့် .
HarOnn ဆိုတာဘယ်သူမှန်းမသိပဲ ဝင်ခွင့်ပေးလိုက်ရမှာလား လက်မခံပေးရင်ရော
အိမ်ရှေ့စံက ကြည်ဖြူပါ့မလား
ဒါရွေးချယ်ခွင့်မှမဟုတ်တာ မိဖုရားကသူမနိုင်တဲ့ဇာတ်ကို ကျနော့်ကိုပေး က လိုက်တာပါ' ကြင်ရာတော်ကိုတော့လာနှုတ်ဆက်သင့်တယ်မလား ညနေကိုအချိန်ခဏလောက်ပေးလိုက်ပါနော် မယ်တော်...'
' မယ်တော်ပြောပြီးပြီလေ ကြင်ရာတော်လက်ခံရင် ဝင်ထွက်ခွင့်ရမယ်လို့ ....အဲ့တော့baekhyun ကိုပြောလိုက် '
မိဖုရားထွက်သွားတော့ ကျန်ခဲ့တာဆိုလို့ အိမ်ရှေ့စံနဲ့ကြင်ရာတော် နှစ်ယောက်တည်းသာ .
အိမ်ရှေ့စံက ကျနော့်ရဲ့သဘောထားကိုအလေးထားမယ်ထင်လား . သူမမေးပါဘူး ဝင်ထွက်ခွင့်ပေးမလားဆိုတာကိုပေါ့ .မယ်မယ်က မပေးချင်ဘူးဆိုတာ သိသာနေတာပဲလေ . ကျနော်က အိမ်ရှေ့စံကိုဆန့်ကျင်ရမလား မိဖုရားကိုဆန့်ကျင်ရမလား . ဝင်ပါနဲ့ဆိုတာကို ဘာလို့ယှက်နွယ်လာပါလိမ့်
' Har Onn ကဘယ်သူလဲ ဟင် '
' သိချင်ရင် သူနဲ့တွေ့လိုက်လေ ....'
အင်း....တွေ့ရမှာပေါ့ . အိမ်ရှေ့စံအတွက် အဲ့လောက်အရေးပါတဲ့သူကို တစ်ခါတော့ တွေ့ဖူးမှဖြစ်မယ်ထင်တယ် . တကယ်သိချင်မိပါတယ် ဘယ်လိုလူမျိုးမို့ နန်းတော်ထဲပြန်ခေါ်ချင်ရတာလဲ .
ခရမ်းနုရောင်ပိုးသားအင်္ကျီလေးဝတ်ဆင်ထားတဲ့သူမ . ခေါင်းမှာဆင်မြန်းထားတဲ့ရတနာတွေက ရှည်လျားတဲ့သူမရဲ့ဆံပင်တွေနဲ့သိပ်လိုက်ဖက်နေတာ . ဖြူဝင်းတဲ့အသားအရေနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် . ဝန်ခံပါတယ် သူမတကယ်လှတယ်
မှော်ဆန်တဲ့အပြုံးတို့က မြင်တဲ့သူ မျက်တောင်မခတ်မိတဲ့အထိ ဆွဲဆောင်ထားနိုင်တာမျိုး
ŞİMDİ OKUDUĞUN
My Dear Consort (completed )
Hayran Kurguကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi