' ကြင်ရာတော်ရဲ့ အဖေဖြစ်သူ ကွယ်လွန်သွားပြီလို့ကြားတော့တကယ်စိတ်မကောင်းဖြစ်မိပါတယ် '
' အင်း...အခုထိတော့ baekhyun စိတ်ထဲဝမ်းနည်းနေဦးမှာပဲ...'
' ဒါဆို အိမ်ရှေ့စံက ဂရုစိုက်ပေးရမှာပေါ့ ကျနော်မျိုးမလည်း ကြင်ရာတော်ကို စိတ်ပူမိပါတယ်
မိဘတွေဆုံးရှုံးရတဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်တာမို့ ....ကြင်ရာတော်က တော်ပါသေးတယ် ကျနော်မျိုးမဆိုရင် ကလေးဘဝတည်းကမိဘတွေမရှိခဲ့ကြတော့ အရမ်းဝမ်းနည်းနေခဲ့တာ...အခုတော့ ကြင်ရာတော်လည်း အဲ့ခံစားချက်ကိုနားလည်မှာပေါ့ ...'' HarOnn ah...မပြောသင့်ဘူးလေ '
' ah~အမှားလုပ်ပြီထင်တယ်...အိမ်ရှေ့စံရော ကြင်ရာတော်ကိုပါ တောင်းပန်ပါတယ်နော် '
' အင်း...နောက်ကိုဆင်ခြင်ပါ '
' nae ~'
တောင်းပန်တာကို baekhyun လက်မခံသလို စကားတစ်ခွန်းမှလည်း ပြန်မပြောခဲ့ဘူး
စိတ်မကောင်းဘူးဆိုတဲ့ အပေါ်ယံစကားက ရင်ထဲက မဟုတ်ပြန်တော့ ယုံဖို့လည်းခက်သား
hk ~! ဟန်ဆောင်နေတာ မပင်ပန်းတဲ့အတိုင်း...
ကြားနေရတဲ့ ကိုယ်တောင် မောဟိုက်တယ် အမျိုးမျိုးတတ်နိုင်လွန်းတာ...သူမဒီကိုရောက်မလာသင့်ဘူး ဒီအချိန် သူမနဲ့ စကားပြိုင်မပြောချင်တာတော့ အမှန်ပဲ ...' ပြန်ခွင့်ပြုပါဦး...'
' ကျေးဇူးပဲ ~'
' nae ?'
' ရောက်လာပေးလို့ ...'
ပြန်မယ်ပြောမှ နှုတ်ခမ်းဖျားကနေခုန်ဆင်းသွားတဲ့စကားက လုံးဝကန့်လန့် . အချိန်မီပြန်ဖြည်နိုင်လိုက်ပါတယ်...နန်းတွင်းကိုရောက်တည်းက ကြင်ရာတော် လည်းစကားတွေကိုလှည့်ပြောတတ်ခဲ့ပြီ
' Ah...မဟုတ်တာပဲ...ကြင်ရာတော် ဂရုစိုက်ပါနော်'
ကိုယ့်အတွက်သာ ကိုယ်ပူပါ
appa ကိုသတ်ပြီး အိမ်ကိုမီးရှို့တာ မင်းသာဖြစ်နေခဲ့ရင်လုံးဝခွင့်မလွှတ်ဘူး HarOnn...
أنت تقرأ
My Dear Consort (completed )
أدب الهواةကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi