အရင်ကထက်ပိုပြီးတောက်ပသွားတဲ့ မျက်လုံးလေးတွေက မမျှော်လင့်ထားတဲ့စကားတစ်ခွန်းကြောင့်ပေါ့...
အချိန်တစ်ခုကြာတဲ့အထိ နှစ်ယောက်လုံးဖွင့်ဟ လာတဲ့စကားမရှိခဲ့ပါ . တိတ်ဆိတ်ခြင်းနှင့်အတူ မျက်လုံးတွေနဲ့သာစကားပြောနေခြင်းလား
ဆုတ်ကိုင်ထားမိတဲ့လက်ကို လှည့်ထုတ်နေပေမယ့်
မလွတ်မြောက်ဘူးဖြစ်နေတယ်မဟုတ်သေးပါဘူး ဒါဘယ်လိုအခြေအနေကြီးလဲ
အိမ်ရှေ့စံဘာတွေလာပြောနေတာလဲ ငါကရောဘာလို့အနေခက်နေတာလဲ' baekhyun ...မင်းရော ..??'
' n...n a e...?ကျ...ကျနော်လား ...?'
' အင်း ~'
' ကျ...ကျနော်က...ဘာ...ဘာဖြစ်ရမှာလဲ...?'
' ဘာမှမဖြစ်မိဘူးလား ~'
' ဟ င် ~?'
chanyeol မတ်တပ်ထရပ်လိုက်သည်
အလိုက်တသင့်ပင်ကိုင်ထားတဲ့လက်ကိုလည်းဖြုတ်ပြီးသား....တကယ်ပဲမသိတာလား မသိချင်ယောင်ဆောင်နေတာလား baekhyun...
ဒီစကားပြောထွက်ဖို့ ဘယ်လောက်ကြာအောင်ကြိုးစားခဲ့ရတယ်ထင်လဲ ... အထူးသဖြင့် မင်းရဲ့ရှေ့မှာ ဒီလိုဝန်ခံရဲအောင်လေ ...ဟုတ်တာပေါ့...ငါကဘာတွေမျှော်လင့်ပြီး ဘာတွေမေးလိုက်တာလဲ . baekhyun ဆီကသစ္စာစောင့်သိမှုကလွဲရင် ဘာမှပြန်မရနိုင်ဘူးဆိုတာသိရဲ့သားနဲ့ ....
မျက်စိရှေ့ကထွက်သွားတဲ့ အိမ်ရှေ့စံကိုလှမ်းဆွဲထားဖို့အင်အားမရှိခဲ့ဘူး
အယ်ရီတွေကိုသာအကြာကြီးစိုက်ကြည့်နေခဲ့လို့လားမသိဘူး မျက်ရည်တွေဝဲလာတယ်ကျနော့်ရဲ့မသိစိတ်တွေကသတိပေးနေတယ်
*အိမ်ရှေ့စံကို မချစ်မိပါစေနဲ့ * တဲ့ ....ဒါမဲ့ အဲ့လို
သတိပေးမှုကိုမကြားရသေးခင်တည်းက.....ပြည့်လျှံလာတဲ့မျက်လုံးထဲက မျက်ရည်စက်က အရင်လိုစီးမကျလာတော့ဘူး အရှိန်ပြင်းပြင်းနဲ့မို့မောက်နေတဲ့ပါးပြင်ပေါ် ဖြတ်ရှပြီးလက်ပေါ်ခုန်ဆင်းသွားတယ်
မသိချင်ယောင်ဆောင်ရင်လည်းနာကျင်ရတာပဲလား

KAMU SEDANG MEMBACA
My Dear Consort (completed )
Fiksi Penggemarကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi