Baek စားပွဲပေါ် လက်ထောက်လိုက်ပြီး
'အနားမယူသေးဘူးလား ဟင် '
နောက်စာမျက်နှာတစ်ခုကိုလှန်လိုက်ရင်းပြောလာတယ်
'ကိုယ့်ခြေထောက်နဲ့ကိုယ်လာခဲ့တာမလား အခုငါခွင့်ပြုမှပြန်ဖို့စဉ်းစားနေတာလား '
'ah...အဲ့လို... မဟုတ်ပါဘူး...နေလည်းသိပ်မကောင်းဘူးမလား တနေ့လုံးလည်းစာဖတ်နေတာလေ အနားယူလိုက်ပါတော့ နော်'
စာအုပ်ကိုမျက်နှာလွှဲလိုက်တော့ မြင်ကွင်းထဲဝင်လာသည်ကအခန်းထောင့်ကပန်းအိုးလေး . မကြာသေးခင်အချိန်ကမှ Chanyeolကြောင့်ကွဲသွားတဲ့ပန်းအိုးနေရာမှနောက်ထပ်အသစ်ရောက်လာတဲ့ အဖြူရောင်ကြွေအိုးလေး .
' ငါ့ကိုစိတ်ပူလို့လား '
' nae'
' စိတ်ပူတယ်ဆိုလည်း အဲ့မှာတစ်ညလုံး ထိုင်နေလိုက်...'
စိတ်မြန်လွန်းတဲ့အိမ်ရှေ့စံက ချက်ချင်းစာလုံးတွေဆီအာရုံပြန်ပို့လိုက်တယ် . Baek ကတော့တကယ်ပဲထိုင်နေရမှာလား ပြန်ဖို့တမင်ရွဲ့တာလားဆိုတာမသဲကွဲသေး .
ကောင်းပြီလေ သူရွဲ့တယ်ဆိုရင်တာင် ပြောတဲ့အတိုင်းလုပ်တာမို့ သေဒဏ်တော့မကျဘူးမလား...
*ဝှါး~!*
ပါးစပ်ဟသန်းလိုက်မိတာကြောင့်အမြန်လက်ဝါးနှင့်အုပ်လိုက်သည်
Baek မျက်လုံးကို အားယူဖွင့်လိုက်ပေမယ့် မြင်ကွင်းကဝေဝါးနေသည် .
မျက်လုံးကိုလက်နှင့်ပွတ်ပြီး နောက်တစ်ခေါက်ပြန်ဖွင့်ကြည့်မိတော့ ပိုဆိုးသွားသည် .
ကိုယ့်ကိုယ်ကို ဘယ်ရောက်နေမှန်းတောင်မသိ .ကြမ်းပြင်ကိုလက်နှင့်ထောက်ပြီးထထိုင်လိုက်ချိန် ကိုယ်ပေါ်ကလျော့ကျသွားတဲ့ စောင် .
ပတ်ဝန်းကျင်ကိုသေချာလေ့လာကြည့်မှ သိလိုက်ရတယ်' ဒီမှာအိပ်ပျော်သွားတာလား '
မယုံနိုင်စရာ . သေချာခင်းပေးထားတဲ့အိပ်ရာခင်းဖြူဖြူလေးနဲ့ကိုယ်ပေါ်စောင်က.... ဒါအိမ်ရှေ့စံနန်းဆောင်မလား
ဟုတ်ပါတယ် ငါဒီမှာရှိနေခဲ့တာပါ တစ်ညလုံးထိုင်နေဆိုလို့ ......ငါထိုင်နေခဲ့တာရော ဟုတ်ရဲ့လား
YOU ARE READING
My Dear Consort (completed )
Fanfictionကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi