' တကယ်ပဲ မယ်မယ်တောင်မသိတာလား '' မယ်တော်သိရင် မိုးမီးလောင်နေပြီ . အထိန်းတော်တွေကိုလည်းမထိခိုက်စေချင်ဘူး အဲ့ဒါကြောင့် နင့်ကိုပဲခေါ်လိုက်တာ ...'
' ဟုတ်တာပေါ့~ကျနော်မျိုးမရဲ့အိမ်တော်မှာဖြစ်ခဲ့တာဆိုတော့ တာဝန်ရှိပါတယ် '
သူမရဲ့ အနုညံ့ဆုံးအပြုံးနှင့်သာတုံ့ပြန်လာတယ်
'ငိုမနေနဲ့တော့ ကိုယ်တော်ဘာမှမဖြစ်ဘူး မယ်မယ်လည်းမသိတာမို့ မစိုးရိမ်နဲ့ '
မနေ့ညက အတူလိုက်လာတဲ့ အထိန်းတော်မှာ အပြစ်သားကြီးလို့ခံယူကာ မျက်ရည်စတွေနှင့်ပင်
ရေထဲခုန်ချမိတုန်းက အမှတ်မထင် ပွတ်ရှစေခဲ့တဲ့ဓားမြှောင်ကြောင့် ကိုယ့်ကိုယ်ကိုအပြစ်တင်လို့မဆုံး .' ဒါဆို ပြန်ခွင့်ပြုပါဦး နန်းတော်ထဲရောက်နေတာ မယ်မယ်သိရင်အပြစ်ပေးခံရမှာမို့..'
' နန်းတော်ဝင်ခွင့်ရအောင် ငါ baekhyun ကိုထပ်ပြောကြည့်မယ် '
ူသူမဦးညွှတ်အရိုအသေပေးလိုက်ရင်း နန်းဆောင်ကထွက်လာခဲ့သည်
ဘယ်သူမှမရိပ်မိအောင် အပေါ်ရုံအင်္ကျီကိုခေါင်းကနေခြုံထားလိုက်ပြီး နန်းတော်အပြင်ရောက်တဲ့အထိထွက်လာခဲ့၏ထိုစဉ် မျက်စိထောင့်မြင်လိုက်ရတဲ့လှုပ်ရှားမှုတစ်ခု .
လက်ထောက်သမားတော်ကြီးနှင့်အတူ နောက်လိုက်
အချို့ အရေးကြီးသုတ်ပျာဖြစ်နေကြသည်
သူမသိတာပေါ့
ဒီအခြေအနေကိုသူမကိုယ်တိုင်ဖန်တီးခဲ့တာမဟုတ်ပါလား
*လုံးဝအရှုံးပေးလိုက်လို့မဖြစ်ပါဘူးနော် ကျိန်းသေပြန်နိုးထလာခဲ့ပါ ....ကြင်ရာတော်လေး *မျက်လုံးကိုဖွင့်လိုက်သည်နှင့်မြင်လိုက်တဲ့ တစ်စုံတစ်ယောက်ကြောင့် Baekhyun ခပ်ပါးပါးလေးပြုံးလိုက်သည်
သူရောက်လာမယ်ဆိုတာ မသိစိတ်ထဲကနေ ခံစားမိနေတယ်လေ . နေမကောင်းတဲ့အချိန်တိုင်းအမြဲတမ်း အနားမှာရောက်နေတတ်တယ်
ကလေးဘဝတည်းက အဲ့လိုရောက်ရောက်လာပေမယ့် သူဘယ်သူလဲဆိုတာ Baekhyun မသိ . အကြိမ်ကြိမ်တွေ့ဖူးနေခဲ့ပေမယ့် တစ်ခါမှမမြင်ဖူးသော မျက်နှာ ...မြင်ခွင့်မရှိတာများလား ဒါမဲ့ သူ့ကိုမြင်ရင်အလိုလိုစိတ်တွေပေါ့ပါးပြီး နွေးထွေးသွားတယ်
ŞİMDİ OKUDUĞUN
My Dear Consort (completed )
Hayran Kurguကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi