MDC .1

4.5K 208 9
                                    


ပါးလွှာတဲ့လ​ရောင်​​အောက်မှာ​ရောက်​ရှိ​နေ​သော လူ​တစ်​​ယောက်​ .

လမ်း​လျှောက်​လျက်​ခရီးဆက်​​နေ​သော ထိုလူ၏​ဘေးပတ်​ဝန်းကျင်​သည်​ တစ်​စုံတစ်​ရာမျှရှိမ​နေခဲ့ပါ
ကျယ်​ပြန့်​ကြမ်းတမ်းတဲ့ လွင်​ပြင်​ကြီးထဲ ​လေ​အေးများက တဟူးဟူးတိုက်​ခတ်​​နေ​လေသည်
သူ၏​ကျောပြင်​၌လွှမ်းခြုံထားသည့်​ ဝတ်​ရုံနက်​ကြီးမှာလည်း ​လေအဟုန်​မှာ လွင့်​​မြောလျက်​ပင်
ဂန္တာရ၏ ကြမ်းတမ်းမှုသည်​ ဝတ်​ရုံနက်​​ကြီး​ပေါ်​နေရာယူထားသည့်​ နဂါးတစ်​​ကောင်​နှင့်​ အပြိုင်​မာန်​ဖီ​နေ၏

သို့​သော်​ ထိုလူမှာ ပြင်းထန်​​သောပတ်​ဝန်းကျင်​ကို​ ဂရုမစိုက်​ပဲ ဦးတည်​ရာတစ်​ခုသို့ တည့်​တည့်​မတ်​မတ်​​ဆက်​လျှောက်​​နေ​၏

ထို့​နောက်​ရုတ်​တရက်​ မြင်​လိုက်​ရ​သောအရာမှာ အန္တာရယ်​ရှိ​သော လက်​နက်​ပျံများဖြစ်​သည်​ . ကြည်​လင်​တဲ့လ​ရောင်​​အောက်​ ထိုလက်​နက်​များ၏အ​ရောင်​မှာ တဝင်းဝင်းနှင့်​ လျှပ်​စီး​ကြောင်းထက်​ပင်​​တောက်​ပ​နေသည်​ . တိုက်​ခိုက်​ရန်​ အလျင်​နှင့်​လွင့်​ပျံလာ​နေ​သောလက်​နက်​များအား ခုခံရန်​ ပြင်​လိုက်​​သော်​ငြား မိမိလက်​နက်​တစ်​စုံတစ်​ရာမျှပါမလာခဲ့​ချေ .

ပို၍ ပို၍ နီးကပ်​လာ လက်​နက်​များကိုကာကွယ်​ရန်​ နည်းလမ်းမရှိ​တော့ပါ . သူ​သေကိုယ်​​သေ ထိပ်​တိုက်​ရင်​ဆိုက်​ရ​တော့မည့်​အ​ရေးမှာ တစ်​ဖက်​မှာရန်​သူရှိမ​နေ . ​နောက်​ဆုံး​တော့ မျက်​နှာကိုတစ်​ဖက်​လွဲကာ လက်​နှင့်​သာ ကာလိုက်​စဉ်​ စူးရှ​သောအလင်းတန်းတစ်​ခုက မျက်​စိထဲတိုးဝင်​လာသည်

အဲ့ဒီ​နောက်​ ထူးဆန်းစွာပင်​ ထိုလက်​နက်​များမှာ အစိပ်​စိပ်​ကွဲ​ကြေလျက်​ အ​ဝေးသို့လွင့်​ပြန်​သွားကြ​တော့၏ အနည်းငယ်​မျှထိခိုက်​မှုမရှိလာ​သော​ကြောင့်​ ကာထားတဲ့လက်​ကိုချကာ မျက်​လုံး​သေချာ ဖွင့်​ကြည့်​လိုက်​​တော့ ​သေးသွယ်​ပါးလွှာ​သော ဓားငယ်​တစ်​​ချောင်းက မျက်​လုံးထဲသို့ ~~

  My Dear Consort (completed )Where stories live. Discover now