' ကြင်ရာတော်က ဘာလို့သွားချင်တာလဲ '
' ဒီအတိုင်း appa ကိုသတိရမိလို့ပါ မယ်မယ်.
တစ်ယောက်တည်း အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူမိလို့ပါ 'Appaဆီခဏပြန်ဖို့ မယ်မယ်ဆီခွင့်တောင်းမိပါတယ် မယ်မယ်ကတော့ မသွားစေချင်ဘူးထင်တယ်အခုထိ ခွင့်ပြုမပေးသေးဘူး
'ဖခင်ဖြစ်သူကိုပြောကြည့်ပါ နန်းတော်မှာ တစ်နေရာရအောင် မယ်မယ်ကလုပ်ပေးနိုင်ပါတယ် အဲ့ဒါဆို နေ့တိုင်းတွေ့ရမှာပေါ့ '
' အရင်တည်းက ဘာမှမသိတဲ့လူတစ်ယောက်က နန်းတော်မှာ ဘာများထမ်းဆောင်နိုင်မှာမို့လို့လဲ
မယ်မယ် တစ်နေ့ပဲမို့လို့ ခွင့်ပြုပေးပါနော် 'အမျိုးမျိုးလိုက်လျောကြည့်သော်လည်း ဒီတစ်ခုသာတောင်းဆိုနေသော ကြင်ရာတော်ကြောင့် မိဖုရားလည်း လက်လျော့ရတော့သည်
' အင်းပေါ့လေ....ကြင်ရာတော်ကအတင်းတောင်းဆိုနေမှတော့ သွားပါ...ဒါမဲ့ နေမဝင်ခင်နန်းတော်ကိုပြန်ရောက်စေချင်တယ် '
' nae ..နေမဝင်ခင်ပြန်ခဲ့ပါ့မယ် '
မယ်မယ်ပြောသမျှကို လက်မခံမိလို့ ခွင့်လွှတ်ပေးပါ . Appa ကိုဘယ်လိုနည်းနဲ့မှ နန်းတော်ကိုမရောက်လာစေချင်ဘူး . ရှုတ်ထွေးလွန်းတဲ့ ဆက်ဆံရေးတွေနဲ့ အဓိပ္ပာယ်မျိုးစုံ သက်ရောက်နေတဲ့ မျက်လုံးအကြည့်တွေကြားမှာ အသက်ရှူဖို့တောင် ကန့်သက်ချက်တွေရှိနေတာပါ . ပြီးတော့ အိမ်ရှေ့စံနဲ့ ကိုယ့်ရဲ့ ဒီလိုဆက်ဆံရေးကို Appa လည်းမြင်ချင်မှာမဟုတ်လို့ ....။ အခုလိုခွင့်ပြုပေးတာပဲ မယ်မယ်ရဲ့ မေတ္တာကြီးမားလှပါတယ် ကျေးဇူးပါ မယ်မယ်...
စားပွဲရှည်တစ်ခုထိပ်မှာ နေရာယူထားတဲ့အိမ်ရှေစံနဲ့အတူ ဘေးတစ်ဖက်စီမှာက စစ်သူကြီးနဲ့ အမတ်Gum hoyi ...
မြောက်ပိုင်းရောက်နေတာ 5နှစ်လောက်ရှိနေပြီဖြစ်တဲ့စစ်သူကြီးက သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေကို အခုထိနန်းပြင်သာခိုးထွက်ဖူးသေးတဲ့ အိမ်ရှေ့စံမင်းသားလေးဆီ မကြွင်းမကျန်တင်ပြနေသည်
Yu JumAr ဆိုတာ Chanyeol ငယ်ငယ်က တိုက်ခိုက်ရေးပညာတွေသင်ပေးခဲ့တဲ့ဆရာဆိုလည်းမမှား . အိမ်ရှေ့စံက ကြီးမားတဲ့တာဝန်တွေထမ်းဆောင်ရမှာမို့ ဒီလိုပညာတွေကို တပ်မှူးငယ်တွေကိုမသင်ခိုင်းပဲ စစ်သူကြီးကိုသာသင်စေခဲ့တာပါ
YOU ARE READING
My Dear Consort (completed )
Fanfictionကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi