' မှားသွားပြီ ကြင်ရာတော် ...မင်းရဲ့ဆုံးဖြတ်ချက်ကိုပြင်လိုက်ပါ . HarOnn နန်းတော်ထဲရောက်လာရင် ဘာတွေဖြစ်လာမယ်ဆိုတာ တကယ်ပဲမသိတာလား '
မိဖုရားမှာ ပူလောင်စွာကြားလိုက်ရတဲ့စကားကြောင့် ခဏခဏသက်ပြင်းချနေမိသည် . ယုံကြည်ပြီး ပုံအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုမူတယ်လို့သာ မှတ်ချက်ချမိ၏
အင်းပေါ့လေ ~ တားမရတဲ့အိမ်ရှေ့စံနဲ့ အလိုက်မသိတဲ့ ကြင်ရာတော် .
အခုတော့ ခန့်မှန်းမရနိုင်တာတွေဖြစ်ကုန်ပြီ . တကယ်ပဲကြင်ရာတော်ကိုနားမလည်နိုင်ဘူး ဘာလို့များအခြားမိန်းကလေးတစ်ယောက် အိမ်ရှေ့စံအနားရှိနေဖို့ကို ခွင့်ပြုပေးနိုင်ရတာလဲမိဖုရားသဘောမကျဘူးဆိုတာသိပေမယ့် baekhyunဆုံးဖြတ်ချက်ကိုပြင်ဖို့ဆန္ဒမရှိ .
ဒီလိုအဆူခံရမယ်ဆိုတာကြိုသိနေခဲ့ပါတယ်
အဲ့လိုသိရဲ့သားနဲ့ချခဲ့တဲ့ဆုံးဖြတ်ချက်က သိပ်တော့ မလွယ်ကူခဲ့ပါဘူး' တစ်ခါလောက်ပဲ ယုံကြည်ပေးပါမယ်မယ် '
မိဖုရားမှာအတော်လေး စဉ်းစားနေရသည် တော်ဝင်မျိုးနွယ်အနေနဲ့ကလည်း ပြောပြီးတဲ့ စကားကိုပြန်ပြန်ရုတ်သိမ်းဖို့က မသင့်လျှော် .
' ကောင်းပြီလေ~ ကြင်ရာတော်ဆုံးဖြတ်တဲ့ကိစ္စမို့ အစအဆုံးပြီးအောင်ဆောင်ရွက်ပါ ...HarOnn ကို အိမ်ရှေ့စံအနားမှာတော့မထားနိုင်ဘူး '
' ဒါကတော့ မယ်မယ်ဆုံးဖြတ်တာပိုကောင်းပါလိမ့်မယ် '
အင်းပေါ့ နောက်ဆုံးတော့ ဒီမယ်တော်ဆီပဲ ဘူတာဆိုက်ရတာမဟုတ်လား
မနက်တိုင်း မယ်မယ်နဲ့အတူစကားပြောရင်း လက်ဘက်ရည်သောက်နေကျဖြစ်ပေမယ့် ဒီနေ့တော့ ငှဲ့ပေးတဲ့လက်ဘက်ရည်ကိုမသောက်ခဲ့ဘူး
စိတ်ထဲမရှင်းတဲ့သံသယကို အဖြေရှာမလို့ ပထမဆုံးတောင်းဆိုမိတာပါ မယ်မယ်ခွင့်ပြုပေးလို့တော်သေးတယ်
ဒီနန်းတော်မှာ အသက်ရှင်နိုင်ဖို့ ရပ်တည်ချက်တစ်ခုတော့ရှိမှဖြစ်မှာပေါ့

ESTÁS LEYENDO
My Dear Consort (completed )
Fanfictionကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi