နေ့တိုင်းနောက်ကျမှအနားယူတဲ့ညတွေက ဒီနေ့လည်းအတူတူပဲ
ဘေးမှာအချိန်တိုင်းစောင့်ရှောက်ပေးနေတဲ့ ကိုယ့်အဖေအရွယ်အထိန်းတော်ကြီးကိုမှမထောက်ကျနော့်အပြုအမူတွေရိုင်းစိုင်းနေပြီလား
မီးထွန်းထားတဲ့ ဖယောင်းတိုင်ကို လက်နဲ့အဝေးလှမ်းကြည့်တော့ အပူရှိန်ကလက်ကိုလာဟက်နေတယ် ဒါတောင်အဝေးကြီးက လှမ်းမိတာ
ကျနော်လည်းအဲ့အတိုင်းပါပဲ ပြဿနာတွေနဲ့ဝေးအောင်နေတာတောင် ပူလောင်မှုကလာရိုက်ခတ်နေတာမျိုး .ဒီအတိုင်းလောင်ကျွမ်းခံရမှာလား' ကျနော့် အတိုင်းနေသင့်ရဲ့လား'
' ကြင်ရာတော်လေး ဘာကိုဆိုလိုတာပါလဲ '
' ထူးဆန်းတယ်လေ ...ဘာရန်ငြိုးမှမရှိဘဲ HarOnn ကကျနော့်ကိုမုန်းသလို ကျနော်လည်းသူ့ကိုမုန်းနေမိတယ် ....အဲ့ဒါ...ထူးဆန်းတယ်မလား '
baekhyun ရဲ့စကားကြောင့်ဘေးကအထိန်းတော်ကပြုံးမိတယ် နန်းတော်ထဲမှာတော်ဝင်မျိုးနွယ်ကိုအချိန်အကြာကြီးခစားလာတဲ့သူ့အတွက် ဒါကိုထူးဆန်းတယ်လို့မမြင်မိ
' ကျနော်သိပါတယ်...လခြမ်းမျိုးနွယ်လေးမရှိတော့တဲ့တစ်နေ့ ကျနော်လည်း ဒီနန်းတော်ကထွက်သွားရမှာပါ ...'
' ဒါက မယ်မယ်ရဲ့သဘောပါ ...မယ်မယ်ကကြင်ရာတော်ကိုထွက်သွားခိုင်းပါ့မလား '
မရေရာတဲ့အတွေးတွေလွင့်ထွက်သွားအောင် baek ခေါင်းကို သုံး လေးခါ လှုပ်ခါလိုက်သည်
ထို့နောက် အတွေးတစ်ခုက ပျော်စရာကောင်းသည်ထင် . သွားတွေပေါ်အောင်ရယ်ရင်း စိတ်ထဲရှိရာကိုချက်ချင်း ဖွင့်ဟလာ၏' ဒီလိုလုပ်မယ်လေ ....ကျနော် လခြမ်းကိုရှာမယ် ပြီးရင် ဖွက်ထားလိုက်မယ်လေ အဲ့ဒါဆို သူတို့ရှာတွေ့မှာမဟုတ်တော့ဘူး ...အဲ့တော့ ကျနော်လည်းမသွားရတော့ဘူး '
YOU ARE READING
My Dear Consort (completed )
Fanfictionကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi