အချိန်ခဏကြာတော့ အရာရာဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏ရင်ပြင်မှာ တစ်ယောက်တည်း ကြောင်အစွာရပ်နေတဲ့ Baekhyun ဆီပြေးသွားလိုက်သည်
' ဘာဖြစ်သွားသေးလဲ ..baekhyun '
' arnyi...ကျနော် ဘယ်ရောက်သွားတာလဲ '
' နေကြတ်တာပဲ '
ကောင်းကင်ကိုမော့ကြည့်ရင်း ခပ်သြသြပျံလွင့်လာတဲ့အမတ်ကြီးရဲ့အသံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်မိသည်
***MDC***
baekhyun တစ်ခါမှမရောက်ခဲ့ဖူးတဲ့နေရာပါ
နေလာတာကြာပြီဆိုပေမယ့် နန်းတော်ထဲကနေရာအချို့က baekhyun အတွက်တော့ စိမ်းသက်နေဆဲပင် .
ပိုပြီးစိမ်းသက်နေတာက ကြင်ရာတော်အဖြစ်ရွေးချယ်ခဲ့တဲ့ အမတ်ကြီးနဲ့အခုထိစကားမပြောမိခြင်းဖြစ်၏
အခုတော့ မတွေ့မဖြစ်သိချင်တာတွေထက် သိသင့်တာတွေရှိနေပြီ...
ကိုယ် ကိုယ်တိုင်က Baekhyun ဆိုတဲ့သာမန်လူတစ်ယောက်ဖြစ်နေပေမယ့် တော်ဝင်မိသားစုအတွက်တော့ ကြင်ရာတော်တစ်ယောက်ဖြစ်နေတာ...အိမ်ရှေ့စံကိုအကူအညီပေးနိုင်ရမယ်
ဒါဟာ သူများကိစ္စဝင်ပါတာမဟုတ်ဘူး ကိုယ့်ကိစ္စ...ကိုယ့်မိသားစုကို....ကာကွယ်ပေးရမယ့်တာဝန်အပြည့်ရှိတယ်...
အဲ့ဒါကြောင့် အမတ်ကြီးနဲ့ တွေ့နိုင်ဖို့ အိမ်ရှေ့စံကိုအကူအညီတောင်းခဲ့တယ်တံခါးဖွင့်ပြီးဝင်ရောက်သွားချိန် ဝတ်ပြုဆုတောင်းနေတဲ့ အမတ်ကြီးရဲ့ကျောပြင်ကိုသာမြင်လိုက်ရတယ်
လက်ထဲမှာရေထည့်ထားတဲ့ ပန်းကန်လုံးကိုကိုင်ပြီးမြှောက်လိုက်ချလိုက်လုပ်နေတာ ...တစ်ခုခုကိုလေးလေးနက်နက်ဆုတောင်းနေသလိုပဲ...' အနှောင့်အယှက်ဖြစ်သွားပြီလား '
အိမ်ရှေ့စံရဲ့အသံကိုကြားလိုက်တော့ ဝတ်ပြုတာကိုရပ်ပြီး ဖြည်းဖြည်းချင်းလှည့်ကြည့်လာ၏
YOU ARE READING
My Dear Consort (completed )
Fanfictionကြင်ယာတော်ဆိုတဲ့အသိမှာ ကိုယ့်ရဲ့ဒဏ္ဍာရီတွေမှားစေခဲ့တာ~~🍁🍁 uni&zawgyi