MDC .16

1.6K 155 0
                                    

' ကြင်ရာတော်ကိုကြည့်ရတာ ဒီနေ့ပေါ့ပါးပြီး ပျော်ရွှင်နေသလိုပဲနော် ...'

' ဟုတ်ကဲ့ မယ်မယ်...အဖေ့ကို သတ်တဲ့အပြစ်သားကိုရှာတွေ့သွားပြီဆိုတော့ အဖေလည်း ကောင်းကင်ဘုံမှာ အေးအေးချမ်းချမ်း အနားယူနိုင်ပြီ မဟုတ်လား ...'

အကျိုးအကြောင်းစီလျှော်အောင် လျှောက်တင်တတ်လာတဲ့ ကြင်ရာတော်ကို ခေါင်းငြိမ့်ရင်း ပြုံးပြလိုက်သည်

အရင်က ကျက်သရေရှိလွန်းလှတဲ့မိဖုရားရဲ့အပြုံးကို baekhyunမြတ်နိုးခဲ့ဖူးတယ် ဂရုစိုက်ပေးမှုတွေအပေါ် မိခင်အရင်းလို မှတ်ယူခဲ့ပြီး ပျော်နေခဲ့ဖူးတယ်
အခုတော့ ကိုယ့်ရဲ့ ဖြစ်တည်မှုကြောင့် ကျောမလုံသလို ခံစားရတယ်

' မကြာခင် အိမ်ရှေ့စံ နန်းတတ်ရလိမ့်မယ်
မင်းကြီးက ကျန်းမာရေး သိပ်မကောင်းတော့ဘူး
တိုင်းပြည်ကို အုပ်ချုပ်တဲ့ ဘယ်ဘုရင်မဆို ထီးနန်းဆက်ခံဖို့ နန်းလျာရှိသင့်တယ် မဟုတ်လား '

' မယ်မယ် ဘာကို ဆိုလိုချင်တာလဲ '

'ကြင်ရာတော်ကို အားနာပေမယ့် နန်းတတ်မိဖုရားကို ကြင်ရာတော် ကိုယ်တိုင် ရွေးချယ်ပေးနိုင်မလား '

hk !အိမ်ရှေ့စံ နန်းတတ်ဖို့ မိဖုရားတဲ့လား
အဲ့ဒါဆိုလည်း ဘာလို့ ကြင်ရာတော်လို့ခေါ်နေကြသေးလဲ
ဒါမဲ့ မယ်မယ်ပြောတာလဲ မှန်တာပဲ ...
နန်းလျာရှိသင့်တာပေါ့
ကိုယ်က အိမ်ရှေ့စံအတွက် ကံတရားအထောက်အပံ့မျှသာ ...

' မယ်မယ်ကိုယ်တိုင်ပဲ ရွေးချယ်လိုက်ပါ ...'

'ကောင်းပြီလေ ...'

အရိုအသေပေးပြီး ပြန်ထွက်လာခဲ့တယ်
နေရင်းထိုင်ရင်း မွန်းကြပ်သလို ခံစားရတယ်

အိမ်ရှေ့စံနန်းတတ်ရင် ဒါတွေဖြစ်လာမယ်ဆိုတာ ကြိုတွေးထားမိပေမယ့် အဲ့ဒါတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်မထားမိဘူး

'အိမ်ရှေ့စံ အခုထိ မနိုးသေးပါဘူး ကြင်ရာတော်လေး '

အိမ်ရှေ့စံက နန်းဆောင်မှာ အခုထိအိပ်နေတုန်းလား
ဟုတ်မှာပါလေ
ဟိုတနေ့က ကိုယ့်ကို လိုက်ရှာနေရလို့ ပင်ပန်းနေရောပေါ့

  My Dear Consort (completed )Opowieści tętniące życiem. Odkryj je teraz