MDC .11

1.9K 197 11
                                        

' အယ်​ရီ .....'

အဖြူ​ရောင်​ ပွင့်​ဖက်​​လေးနဲ့ လှလိုက်​တာ ...
ဒီ​နေရာနဲ့ပိုပြီးလိုက်​ဖက်​တယ်​ အခု​တော့​နေ​ရောင်​ခြည်​လည်း​ကောင်း​ကောင်းရတယ်​ ​လေ ​ရေ လည်းလုံ​လောက်​တယ်​ဆို​တော့ လှလှ​လေးဖူးပွင့်​လာတာပဲ ဒီပန်းပွင့်​​လေး​ကြွေပြီး​နောက်​တစ်​ပတ်​​လောက်​ဆို အပင်​သစ်​​လေး​တွေ​တွေ့ရ​တော့မယ်​ ဒီလိုပဲ အဖြူ​ရောင်​ အယ်​ရီ ပန်း​တွေအများကြီးပွားလာ​တော့မှာ ...စိုးရိမ်​မိတာဆိုလို့ ပန်းပင်​ကြီး​တွေဖုံးအုပ်​သွားမှာကိုပဲ

Baekhyunတစ်​​ယောက်​ အပင်​​လေးကိုလက်​နဲ့ထိတို့ကြည့်​ရင်း ပြုံး​နေခဲ့တယ်
သူ့ရဲ့လက်​​ချောင်း​လေး​တွေက မိန်းက​လေးတစ်​​ယောက်​အရှုံး​ပေးရတဲ့အထိ လှ​နေ​တော့တာ
ဒါမဲ့ မျက်​လုံးထဲမှာ​တော့တစ်​စုံတစ်​ခုက လစ်​ဟာ​နေခဲ့တယ်​ ​နောက်​ဆုံး​တော့မ​နေနိုင်​​တော့ဘူး​လေ
သူ့လက်​ကိုလှမ်းဆွဲယူလိုက်​​တော့ ကိုယ့်​ကိုနားမလည်​သလိုပြန်​ကြည့်​လာတယ်
ကိုယ်​လည်းသူ့ကို ​သေချာစိုက်​ကြည့်​ရင်း ​နောက်တစ်​ခါ​မဖြစ်​ဖို့ ​လေး​လေးနက်​နက်​သတိ​ပေးလိုက်​တယ်

' ​နောက်​ကို မ​ပျောက်​​စေနဲ့ ....'

'ဟာ~~ဒါ....ဒါက အိမ်​​ရှေ့စံဆီဘယ်​လို​ရောက်​...?'

' အဲ့ဒါ ငါ​မေးရမှာမလား ..ဘာလို့ငါ့ဆီ​ရောက်​​နေတာလဲ ..သေချာထိန်းသိမ်းမှ​ပေါ့ ကစားစရာ​လေးလို့ထင်​​နေတာလား ဒီလက်​စွပ်​မရှိရင်​ ကြင်​ရာ​တော်​မဟုတ်​ဘူးဆိုတာ နားမလည်​ဘူးလား '

Baek အံသြလွန်းလို့ဘာမှ​တောင်​ပြန်​မ​ပြောနိုင်​ဘူး ဘယ်​လိုလုပ်​ပြီး အိမ်​​ရှေ့စံဆီကို​ရောက်​​နေရတာလဲ
ဘာပဲဖြစ်​ဖြစ်​​တော်​​သေးတာ​ပေါ့ လုံးဝ​ပျောက်​သွားပြီထင်​​နေတာ ...ကျန်​တာအားလုံးခွင့်​လွှတ်​​ပေး​ပေမယ့်​​ပျောက်​တယ်​လို့သာသိရင်​ မယ်​မယ်​ခွင့်​မလွှတ်​ဘူးဆိုတာ​သေချာတယ်

ကျ​နော်​အခုအရမ်း​ပျော်​​နေတယ်​ လို့ထင်​တယ်
ကျ​နော့်​​ကြောင့်​နန်း​ဆောင်​ကြီးမီး​လောင်​တဲ့​နေ့က ညအချိန်​ကြီး အိမ်​​ရှေ့စံ​ရောက်​လာခဲ့တယ်​ အမှန်​တိုင်းဝန်​ခံရရင်​ အဲ့အချိန်​ကအရမ်း​ကြောက်​​နေခဲ့တာ ... အပြစ်​တွေအများကြီးလုပ်​ထားတာ​လေ အိမ်​​ရှေ့စံက နှစ်​သိမ့်​​ပေးလာ​တော့ အံသြရပြန်​​ရော...မယ်​မယ်​ကခွင့်​လွှတ်​တယ်​ဆို​တော့မှစိတ်​ထဲ​ပေါ့သွားတာ... ပြီး​တော့အိမ်​​ရှေ့စံကသူနဲ့အတူ​နေဖို့ခွင့်​ပြု​သေးတယ်​ အခုလည်းသူသာဆန္ဒမရှိဘူးရင်​ ဒီလက်​စွပ်​ကိုပြန်​မ​ပေးလည်းဖြစ်​တာပဲ​....
သေချာတာတစ်​ခုက တဖြည်းဖြည်းနဲ့​ကျ​နော်​​နွေး​ထွေးမှုကိုခံစားလာရပြီ...

  My Dear Consort (completed )Where stories live. Discover now