Zawgyi
နေရဲ့အလင်းရောင်က မျက်နှာပေါ်ဖြာကျလာတော့ Ae တစ်ယောက်နိုးလာခဲ့တယ် ။ ထထိုင်ပြီး နာရီကို တစ်ချက်ကြည့်လိုက်တော့ 8 နာရီထိုးနေပြီ
😮Yee.. ငါ ဒီအချိန်ထိတောင် အိပ်လိုက်တာလား
ကဗျာကယာထပြီး စားပွဲပေါ်မှာ တင်ထားတဲ့ စာလေးကို ယူဖတ်လိုက်သည်။
Ae ကျွန်တော် training ဆင်းသွားတယ်နော် လိုက်ရှာမနေနဲ့ 8ခွဲ အပြီး ပြင်ဆင်ထား ထမင်းအတူတူသွားစားမယ်
Ae ထိုစာကိုဖတ်ပြီး တစ်ချက်ပြုံးလိုက်သည် ။ ဟုတ်ပါပြီ ဆိုးတေလေးရဲ့
ကျွန်တော်တို့အချိန်တွေကြာလာသည်နဲ့အမျှ တစ်ယောက်နားမှာ တစ်ယောက်မရှိရင် အကြောင်းမဲ့စိတ်ပူပြီး လိုက်ရှာနေတတ်ကြတယ်။ အဲ့ကြောင့် လိုက်မရှာနေရအောင် Peteက သူတစ်ခုခုသွားရင် ဒီလိုစာလေးတွေ အမြဲရေးပြီးမှသွားတယ် ။
ပြီးတော့ Ae စာကိုဆက်ဖတ်လိုက်သည်
Ae ညတုန်းက အရမ်းညစ်ပတ်တာပဲ့ ဝတ်ပြီးသားအတွင်းခံကို တစ်ခါတည်းမလျှော်ပဲ့ ကုတင်ခြေရင်းမှာ ပစ်ထားတယ်
Ae လန့်ပြီး ကုတင်ခြေရင်းကို တစ်ချက်ကြည့်လိုက်သည် ။အတွင်းခံက ရှိမနေတော့
ဘာလဲ ကုတင်ခြေရင်းကို တစ်ချက်လှမ်းကြည့်နေတာမလား၊ မကြည့်နေနှင့်တော့ ကျွန်တော်မျိုး လျှော်ပြီး ဗွီဒိုထဲမှာ သေသေချာချာ ထည့်ပေးထားတယ် Ae အတွင်းခံက နံလိုက်တာ အရမ်းပဲ့
စာဖတ်အပြီးမှာ Ae တစ်ယောက် ရှက်ပြီး မျက်နှာကြီးက နီညိုရောင်ပြောင်းသွားခဲ့တယ်။ Pete မင့်က ဘာလို့ ငါ့အတွင်းခံကို လျှော်ပေးတာလဲ ရှက်စရာကြီး 😲😲
အတွေးတွေရပ်ပြီး နာရီကိုကြည့်လိုက်တော့ 8:15 😮😮 shit...သေပြီ ဒါမှ တကယ့်ပြသနာ
Ae ကဗျာကရာ အင်္ကျီချွတ်ပြီး ရေသွားချိုးရတော့သည် ။ မချိုးလို့လည်းမရတော့ဘူးလေ ၊ အဲ့ဟာလေးက အချိန်မှီမလုပ်ရင် စိတ်ဆိုးတတ်သေးတာ
ဒေါက် ဒေါက် ဒေါက်
Peteလား ဝင်လာခဲ့လေ
Can:pete မဟုတ်ဘူးကွာ နင့်မေလင် Can မြန်မြန်လေးတံခါးလာဖွင့်
YOU ARE READING
အချစ်ဦး (Complete)
Actionအချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား အချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား