Zawgyi
Ae....Pete တို့လမ်းခွဲရအောင်
ဘာ..ဘာပြောတယ် Pete မင့်ဘာပြောလိုက်တာလဲ
Pete တို့လမ်းခွဲရအောင်လို့
Pete မင့်ရူးနေလား ၊ ငါမင်းနဲ့ စချစ်ကတည်းက လမ်းခွဲဖို မဟုတ်ဘူးကွ
ကျွန်တော်လည်း Ae နဲ့ လမ်းမခွဲချင်ပါဘူး ၊ ဒါပေမဲ့ Ae က ကျွန်တော်ဆီ မလာခဲ့ဘူးလေ
မွေးနေ့လေးမှာတောင် Pete အတွက် အချိန်မပေးနိုင်ဘူးလေ
Pete မင့်က ငါ့ကို အဲ့ကိစ္စနဲ့ စိတ်ဆိုးပြီး ဒီလိုစကားပြောတာလား
ငါ့ကို စိတ်ဆိုးပြီး ကြိုက်တာအပြစ်ပေးနိုင်တယ် ၊ ရိုက်နိုင်တယ် ၊ ကျေးဇူးပြုပြီ ဒီလိုစကားတော့ မပြောပါနဲ့လား Pete
မင့်က ဘာလိုဒီလောက်လေးတောင် နားလည်မပေးနိုင်ရတာလဲ ၊ ကိုယ့်အမေ နေမကောင်းဘူးလေ ၊ ဒီလောက်လေးတော့ Pete က နားလည်ပေးရမှာပေါ့်Pete က နားမလည်ပေးနိုင်ဘူးလို့ Aeက ပြောချင်တာလား ၊ Ae အမေကရော တကယ်နေမကောင်းတာ သေချာရဲ့လား
Pete မင့်......မင့် ငါ့အမေကို
ကိုယ့်အရမ်း မြတ်နိုးခဲ့ရသော Peteရဲ့နှုမ်းခမ်းလေးကနေ ဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့တာမို့ အံသြမှုရော ဒေါ်သပါပေါင်းကာ လူကပင် တစ်ဆတ်ဆတ် တုန်လာတော့သည်။
Ae.. Pete တောင်းပန်ပါတယ် ။ တမင် ရည်ရွယ်ပြီး ပြောခဲ့တာ မဟုတ်ပါဘူး
Pete မင့်က ငါတို့သားအမိနှစ်ယောက်ကို အရမ်းကိုအထင်သေးနေတာပဲ့
မဟုတ်ဘူး Ae
ထားလိုက်ပါတော့ ၊ ဒီကိစ္စဆက်မပြောပဲ့နေရအောင်ကောင်းပြီလေ Pete လမ်းခွဲကြတာပေါ့် ၊
စကားဆုံးတာနဲ့ ဝုတ်ဒိုင်းကြဲကာထွက်သွားသော Ae ရဲ့ကျောပြင်လေးကို ကြည့်ပြီး ရပ်ဖို့ခြေတွေပင် မခိုင်တော့
အခန်းတောင့်လေးမှာ ကွေးကွေးလေးထိုင်ကာ ငိုနေရင်း
Ae ကျွန်တော့်ကို နည်းနည်းလေးတောင် ပြန်မဆွဲထားဘူးနော် ။ ကျွန်တော့်က ဒီလိုဆိုလိုခြင်တာမဟုတ်မှန်း Aeလည်း သိရဲ့သားနဲ့
YOU ARE READING
အချစ်ဦး (Complete)
Actionအချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား အချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား