Part 10 (Z & U)

1.9K 183 3
                                    

Zawgyi

Pete မင်းဘယ်တွေလျှောက်သွားနေတာလဲ

ဟူး...... စိတ်ပျက်မှုပေါင်းများစွာနဲ့ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည် ။

Pete မင်းဘယ်ကတည်းက ပြန်ရောက်နေတာလဲ😮😮

ကျွန်တော် အခန်းတံခါးဖွင့်လိုက်တော့ ကုတင်ပေါ်မှာ ငုတ်တုတ်ကြီးထိုင်နေသော Pete ကို တွေ့လိုက်ရတော့ အရမ်းပျော်ရွင် အံသြမီပြီး မျက်ရည်များပင် ကျလာခဲ့သည်။

ကွန်တော် အလျင်စလိုပင် Pete ကို ပြေးဖက်လိုက်သည်။

Pete မင်းဘယ်တွေလျှောက်သွားနေတာလဲ ကိုယ့်ကိုထားခဲ့ပြီလို့ထင်နေတာ

Ae... ကျွန်တော် လေညှင်းခဏသွားခံတာပါ ။

Pete ကိုယ်တောင်းပန်ပါတယ် ၊ Pete ကို ကိုယ်ပိုဂရုစိုက်ခဲ့သင့်တာ

Ae အမှားမှမဟုတ်တာ ၊ ပြီးတော့ ကျွန်တော် ဒီကိစ္စကို မရှိခဲ့ဘူးမလို သဘောထားလိုက်ပြီ

ကိုယ်ကတိပေးတယ် နောက်ဒီလိုကိစ္စမျိုး လုံးဝထပ်မဖြစ်စေရဘူး ၊

Pete လက်လေးနှစ်ဖက်က ကျွန်တော့်ခါးပေါ်ဖက်တွယ်လာရင်း မျက်နှာလေးကို ကျွန်တော်ရင်ခွင်ထဲ အပ်ထားလိုက်သည်။

Ae လည်း ဒီကိစ္စကိုမေ့ပစ်လိုက်ပါတော့နော် ၊ Peteဘာမှမဖြစ်ဘူး

တကယ်လား

အင်း ၊ ကဲ့ပါ ကျောင်းနောက်ကျနေဦးမယ် ၊ Ae မြန်မြန်သွားပြင်ဆင်တော့

ကိုယ် ဒီနေ့ကျောင်းမသွားတော့ဘူး

ဟင် ဘာလို့လဲ

ကိုယ် ဒီနေ့တစ်နေ့လုံး Pete နဲ့နှစ်ယောက်တည်းကုန်ဆုံချင်လို့ ၊ ကိုယ်တို့ အပြင်သွားပြီး လျှောက်လည်ရအောင်

ဟာ Ae ကလည်း စာမေးပွဲက နီးနေပြီလေ ၊

အဲ့ စာမေးပွဲကို ပလစ်လိုက်ပါ Pete ရယ် ၊ လုပ်ပါ ၊ လျှောက်လည်ရအောင်

အဟမ်း ၊ ဒါဆိုလည်း ဒီနေ့တစ်ရက်ပဲ့နော်

အင်း ၊ လာ ကိုယ်တို့မြန်မြန်သွားစို့ ၊ အချိန်ကိုအကျိုးရှိရှိ အသုံးချရမယ် ၊

ခဏနေပါဦး ၊ အပြင်သွားမှာမဟုတ်ဘူးလား ၊ နည်းနည်းပါးပါးပြင်ဆင်လိုက်ဦးမယ်

အချစ်ဦး (Complete)Where stories live. Discover now