Part 27 (Z & U)

1.4K 125 4
                                    

Zawgyi

Pete : Ae......
ဘယ်အချိန်ကတည်းက ရောက်နေတာလဲ

Ae : ခုနကတည်းက ၊
ကဲ့ ပြန်တော့မှာမလား ၊ ကားပေါ်တက်😠

Pete :ဟို Ae ကျွန်တော့်ကို စိတ်ဆိုး...

Ae : ကားပေါ်အရင်တက်

Pete : ဟုတ်

ကျွန်တော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ကားထဲအရင်ဝင်ထိုင်လိုက်သည် ။ ဟိုတစ်ကောင်ကတော့ တော်တော်ကို အားကိုးရတယ် ၊ Ae ကိုတွေ့တာနဲ့ ဘယ်ကိုရောက်သွားမှန်းတောင် မသိ

ကားကို အကြမ်းပတမ်း မောင်းနေတဲ့ Ae ကိုကြည့်ပြီး သူ့ကိုတော်တော် စိတ်ဆိုးနေသည့်ထင်

Pete:  ဟို Ae

Ae: ဒီအတိုင်း ငြိမ်ငြိမ်လေးပဲ့လိုက်ခဲ့

Pete: ဟုတ်
ဒါနဲ့ ဒီလမ်းက Pete တို့တိုက်ခန်းကို သွားတဲ့လမ်း မဟုတ်ဘူး

Ae: သိတယ်

Pete: ဗျာ

ကျွန်တော် အခုဘာပြောရဦးမှာလဲ ။ မမေးရဲ့ဘူး ၊ ဘယ်ကိုသွားနေတာလဲလို့ ၊ သူသွားတဲ့ နေရာကိုသာ တိတ်တိတ်လေး လိုက်လာခဲ့တော့သည် ။

နောက်ဆုံး ရောက်လာခဲ့တာက Ae ရဲ့အိမ်

ဟင် ဒါမှ တကယ့်ငရဲ ၊ ဒီအချိန်ဆို Ae အမေ အိမ်မှာရှိနေမှာပေါ့်

Ae: ဆင်းလာခဲ့

ဆင်းဖို့အတွက် ထိုင်ခုံ ခါးပတ်လေးကို ဖြေးဖြေးချင်ုးဖြုတ်နေတဲ့ Pete ၊ ကျွန်တော် တကယ်ကို အားမရတော့

သူ့လက်လေးကို အားနဲ့ဆွဲကာ လှေကားတစ်လျောက် ကဗျာကရာတက်ရင်း အခန်းထဲရောက်တော့ ကုတင်ပေါ် တွန်းပစ်လိုက်မီသည် ။ ဟုတ်တယ်လေ ၊ ကျွန်တော် အရမ်းဒေါ်သထွက်တယ် ။
ဘာလို့ ကျွန်တော် မဟုတ်တဲ့ တခြားသူနဲ့ သူဒီလောက်ပျော်ရွင်နေရတာလဲ

ကုတင်ပေါ်ကနေ ကဗျာကရာ ကုန်းထရင်း ကျွနိတော့်ကို ကြောင့်ကြည့်နေသောသူ

Ae: Pete မင့်ပြောတော့ ရုံးကသူတွေ အကုန်လုံးဆို

Pete: ဟို Ae အစကတော့ အကုန်လုံးသွားမလို့ပဲ့ ၊ သွားခါနီးမှ သူတို့က မလိုက်ကြတော့လို့်

အချစ်ဦး (Complete)Where stories live. Discover now