Zawgyi
အိမ်မှာနေရတာ စိတ်ရှုတ်လို့ စိတ်အပြောင်းအလဲလေးများဖြစ်မလားလို့ အပြင်ထွက်လာလိုက်တာ လုံးဝကိုမှန်သွားသည်ထင်
လိုက်ရှာဖို့ပြင်နေတဲ့ ထိုသူကို တိုက်ဆိုင်စွာဖြင့် တွေ့ဆုံလာတော့ ဝမ်းသာအားရဖြင့် Pete ဆီအပြေးအလွားသွားမီသည် ။
အနားသို့ရောက်သွားမှ ဘာပြောလို့ပြောရမှန်းကမသိ
ဟို Pete
တစ်ဖက်က ကျောက်ရုပ်ပမာ ရပ်နေသောသူကိုကြည့်ရင်း ကိုယ်ပါရှက်လာသလိုလို
Ae :Pete
Pete : Krap
Ae: Pete နေကောင်းတယ်မလား
Pete: Krap
Krap တစ်လုံးတည်းသာ ထပ်သလဲလဲ ပြောနေတဲ့သူကြောင့် ဘာဆက်ပြောရမှန်းကမသိတော့ ၊စိတ်လှုပ်ရှားနေတာပဲ့သိတယ်
Ae: တစ်ယောက်တည်းလား
Pete: Krap ၊ ကျွန်တော် အလုပ်ကိစ္စလေးရှိလို့ ခွင့်ပြုပါဦး
Ae: ခဏနေပါဦး Pete ၊ ကိုယ့်ကို အချိန်ခဏလောက်ပေးပါလား ၊ ခဏလေးပါ
Pete: ကျွန်တော် တကယ်မအားလို့်ပါ
ထွက်သွားဖို့ပြင်နေတဲ့ ကျွန်တော့်လက်လေးကိုဆွဲကာ မျက်နှာငယ်စွာဖြင့်မသွားဖို့တားမြစ်နေတာမို့ ခြေလှမ်းတွေက အဝေးထွက်သွားဖို့ခွင့်မပြုတော့
Ae: ခဏလေးပါ Pete ၊ Pete ဗိုက်မဆာဘူးလားကိုယ်တော့ဆာနေတာမို့ တစ်ခုခုသွားစားရအောင်
Pete : ဘာလို့ ကျွန်တော့်ကိုလာခေါ်နေတာလဲ ၊ Nannနဲ့ အတူတူသွားစားကြပါလား
စကားလေးရဲ့ အဆုံးသတ်မှာ ကျွန်တော်အသံလေးတိမ်ဝင်သွားတာကို Ae သတိမထားမီလောက်ပါဘူး
Ae: ကိုယ်က Pete နဲ့ပဲ့ အတူတူစားချင်တာ
နောက်ဆုံးတော့ Pete ကကျွန်တော့်ကိုမငြင်းနိုင်သည့်အဆုံး သက်ပြင်းချကာ အရှုံးပေးလိုက်ရသည် ။ဟုတ်ပါတယ် ၊ Pete က ဘယ်တုန်းကမှ သူ့ကိုဆို နိုင်အောင် မငြင်းခဲ့ဖူးဘူး
အလုပ်နေရာနဲ့ အနီးစပ်ဆုံးစားသောက်ဆိုင်မှာဝင်ထိုင်နေတာကြာနေပေမဲ့ အချိန်အတော်ကြာ နှစ်ယောက်စလုံး ဘာစကားမှမပြောဖြစ်ခဲ့ကြ
YOU ARE READING
အချစ်ဦး (Complete)
Actionအချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား အချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား