Zawgyi
Flash back
Pete တကယ်ကြီး Trat ကို ပြန်မှာလား ကျောင်းကပိတ်တာ၎ရက်လေးပဲ့ကို တစ်ပတ်တောင် မပြည့်ဘူး
အင်း ဟိုဘက်က အဒေါ်တွေကိုလည်း မတွေ့တာကြာပြီဆိုတော့ ကျောင်းပိတ်တုန်းလေ သွားနှုတ်ဆက်ချင်လို့ ၊ Mae မရှိတော့တဲ့ နောက်ပိုင်း အဒေါ်တို့ပဲ့ ကျွန်တော့်ကို ကျွေးမွေးလာခဲ့တာ ၊ အရင်ကတည်းက အဒေါ်တို့ဆီသွားဖို့ကို Aeက မသွားခိုင်းတာနဲ့ မသွားဖြစ်ခဲ့ဘူးလေ ၊ အခုတော့ သွားမှရမယ်
ကျောင်းက သိပ်မကြာခင်ပဲ့ နှစ်လပိတ်တော့မှာလေ အဲ့တော့မှ သွားနှုတ်ဆက်ပေါ့်
Aeကလည်း ၄ရက်လေးပဲ့ကို
ဘာလဲ Pete ဟိုမှာ ငယ်ချစ်ဦးတွေများ ရှိနေလို့လား ၊
အို
Pete က ကျွန်တော့်ကို အလန့်တကြားမော့ကြည့်လာခဲ့သည်။
"မရှိပါဘူး"
"ဘာ မရှိတာလဲ "
"Ae ပြောတဲ့ အချစ်ဦးဆိုတာ ဟိုမှာ မရှိပါဘူးလို့ ၊ Ae ကသာ ကျွန်တော့်ရဲ့ အချစ်ဦး "
ထိုစကားအဆုံးမှာတော့ Ae က ပြုံးယောင်လေးသန်းသွားကာ Peteကို ပွေးဖက်လိုက်သည်။
Pete လည်း ကိုယ်ရဲ့ပထမဦးဆုံး အချစ်ဦးလို့်ပြောရင် ယုံမလား
ယုံပါတယ် ၊ Aeလို လူဂွစာကြီးကို ကျွန်တော်ကလွဲပြီး ဘယ်သူမှကြိုက်မှာမဟုတ်ဘူး 😂
ဟားဟား ၊ ဒါတော့ Pete မှားသွားပြီ ၊
ကဲပါ ညကျရင်ချမ်းလိမ့်မယ် ၊ အနွေးထည်ရော ထည့်သွားဦးကားထဲမှာ ပြတင်းပေါက်ဖွင့်ပြီး အိပ်ပျော် မနေစေနဲ့သိလား ၊ ဟိုမရောက်ခင် ဖျားနေဦးမယ် ၊ ပြောတာ ကြားရဲ့လား
ကြားပါတယ်
ဖြေရင်း ဘယ်လိုက ဘယ်လို မျက်ရည်ကျမီမှန်းမသိတော့ ။
ဟောဗျာ
Pete ရဲ့ပုံစံကိုမြင်ပြီး Ae ပျာယာခတ်သွားသည်။
ဘာဖြစ်လို့ ငိုတာလဲ PetePeteရဲ့မျက်ရည်ကို Aeလက်ဖြင့် သုတ်ပေးရင်း မေးလိုက်သည်။
မငိုပါနဲ့နော် ၊ ၄ရက်ဆိုတာ ဘာမှမကြာပါဘူး၊ ခဏလေးရယ်
YOU ARE READING
အချစ်ဦး (Complete)
Actionအချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား အချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား