Zawgyi
ကျွန်တော်လည်း ရုံးရှေ့ရောက်တော့ အပြင်ဘက် သစ်ပင်အောက်က ခုံတန်းလေးမှ ထွက်ထိုင်နေသည့် Pete
ဘေးမှာ Pete သူငယ်ချင်း Zee ဆိုတဲ့တစ်ယောက်ကပါရှိလို့ ၊
ထိုမြင်ကွင်းကို သိပ်အမြင်မကြည်လှပေမဲ့ Pete ထပ်ပြီး စိတ်မကောင်းဖြစ်မှာစိုးလို့ ဘာမှမပြောဖြစ်ခဲ့
"Pete "
ကျွန်တော့်အသံကြားလို့ မော့ကြည့်လာတဲ့ Pete
ဘုရားရေ ဘယ်လောက်တောင် ငိုထားလို့လဲမသိ ၊ မျက်နှာတစ်ခုလုံးနီပြီး နှာထိပ်လေးတွေက ပိုနီရဲလို့ ၊ ရိုက်သံနဲ့အတူ မော့ကြည့်လာတဲ့ ကျွန်တော့်ရဲ့ Pete
"Ae"
"Pete ဘာဖြစ်တာလဲ ၊ ဘာဖြစ်တာလဲ ကိုယ့်ကိုပြော"
Zee လည်း Ae ရောက်လာတော့ အလိုက်တသိဖြင့် ထွက်သွားတော့သည် ။
"ပြောPete ၊ ဘာဖြစ်လို့လဲ ၊ ဟိုကောင် ဘာလုပ်လိုက်တာလဲ"
"P'zee က ဘာမှမလုပ်ပါဘူး"
"အဲ့ဆို ဘာလို့"
"ဒီဒီကလေ "
"အင်း"
"ဒီဒီက.......အီး...ဟီ.."
ပြောရင်းနဲ့ ထပ်ငိုချတဲ့Pete ၊ တိတ်တိတ် Pete ကိုယ့်Pete လေးက ခလေးလေးကျနေတာပဲ့ ၊
"ပြောရ အဆင်မပြေဖြစ်နေရင်လည်း နောက်မှပြောကြတာပေါ့နော် ၊ အခုတော့တိတ်တော့ "
"ဟင့်အင်း ၊ အခုပြောမှာ "
"ဟင် ၊ အဲ့ဆိုပြော"
"ဒီဒီက Pete ကိုဆူတယ် ၊ နောက်နေ့ကစပြီ အလုပ်မဆင်းနဲ့တော့တဲ့ ၊ Pete ကို အလုပ်ထုတ်လိုက်ပြီတဲ့"
"ဟင် ၊ ဘာလိုလဲ ၊ အဲ့ ဒီဒီက တော်တော်ဆိုးတာပဲ့"
"Pete က အလုပ်ချိန်တွေလည်း အများကြီးပျက်လို့တဲ့ ၊ ပြီးတော့ အလုပ်လာရင်လည်း ကိုယ့်အလုပ်ကို တာဝန်ကျေအောင် မလုပ်ဘူးတဲ့"
"ဒီဒီ အထင်မှားနေတာဖြစ်မှာပါ ၊ ကိုယ့်Pete က ဒီလိုလူမျိုးမှမဟုတ်တာ"
"ဒီလိုလူမျိုးမဟုတ်ပေမဲ့ ၊ အခုတလော ဒီလိုမျိုးဖြစ်သွားတာ"
YOU ARE READING
အချစ်ဦး (Complete)
Actionအချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား အချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား