Zawgyi
နေရဲ့အလင်းရောင်က မျက်နှာပြင်ပေါ်ဖြာကျလာသည်နှင့် ဆက်အိပ်ဖို့ မသင့်တော်ကြောင့်သိ၍ မဖွင့်ချင်ဖွင့်ချင်နဲ့ မျက်လုံးလေးကို ဖွင့်လိုက်ရလေသည်။ဘုရားရေ........Ae!!!!
ကိုယ့်အိပ်ပုတ်လေး ဘာလို့ဒီလောက်လန့်သွားရတာလဲ
Ae.... Aeက ဘာလို့ Pete အိပ်နေတာကို ထိုင်ကြည့်နေတာလဲ
ဟုတ်တယ်လေ ညတုန်းက သူနှိပ်စက်ထားတဲ့ ဒဏ်ကြောင့် ပင်ပန်းပြီးအိပ်ပျော်သွားတာ ၊ နုံးကျိကျိနဲ့ နှိုးလာတော့လည်း လူကိုမျက်လုံးကြီးကျွတ်ထွက်မတတ်စိုက်ကြည့်နေတာ ၊ မလန့်ပဲ့နေမလား
ဟားဟား ၊ ကိုယ်က Pete အိပ်နေတဲ့ပုံလေး ချစ်စရာကောင်းတော့ မနှိုးရက်တော့လို့
ကဲ့ နှိုးလာပြီဆိုလည်း ရေသွားချိုးတော့ ၊ ပြီးရင် Mae ဆီ သွားရဦးမှာဗျာ ၊ အန်....အန်တီဆီကို
အေလေ ၊ မြန်မြန် ရေသွားချိုးတော့
Ae ပြောမှ သတိရတယ် ။ ညတုန်းက Aeက သူကိုစိတ်ဆိုးနေတော့ လိုက်ချော့နေရင်းနဲ့ပင် Ae အမေကို သတိမထားမီခဲ့ဘူး ။
ဒါနဲ့ ညတုန်းကလည်း အန်တီကို မတွေ့မီဘူး ၊ အန်တီက ဘယ်သွားနေတာလဲ Ae
Mae က အခုဆေးရုံမှာ ၊
ဟင် ၊ ဘယ်နေရာက နေမကောင်းလို့လဲ ၊
ချက်ချင်းဆိုသလို ညိုးနွမ်းသွားတဲ့ Aeရဲ့ ပုံစံကြောင့် Pete တကယ်ကို နေမသိထိုင်မသာ ဖြစ်လာတော့သည် ။
Aeရဲ့ ရုတ်တရက်ဆိုသလို တွဲခိုကျလာတဲ့ မျက်ရည်များကို အသာအယာ သုတ်ပေးရင် ၊ Ae ခဏ စောင့်နော် ၊ Pete မြန်မြန်လေး ရေချိုးလိုက်မယ် ။
နှစ်ယောက်စလုံး ပြင်ဆင်အပြီး ဆေးရုံသို့ ခပ်သွက်သွက်လေး ထွက်လာခဲ့ကြသည်။
ဆေးရုံက အခန်းကိုရောက်တာနဲ့ ကုတင်ပေါ်မှာ မေ့မြောနေသော Aeအမေ ၊ ဘေးမှာ အရင်က Ae တစ်ခါပြောဖူးတဲ့ သူ့ရဲ့ တစ်ဝမ်းကွဲ ညီမဆိုလား ၊ သူနှင့် Nannက စောင့်နေခဲ့သည် ။
Ae: orn nann
P ပြန်ရောက်ပြီ ဆိုတော့ Nannတို့ ပြန်နားကြတော့လေနော် ၊
YOU ARE READING
အချစ်ဦး (Complete)
Actionအချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား အချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား