Part 18 (Z & U)

1.6K 176 18
                                    

Zawgyi

Mae သားနဲ့အတူ ဆေးရုံသွားရအောင်၊ သွားမှပဲ့ Mae ရဲ့အခြေအနေကို သေချာသိမှာလေ ၊ ဒါကိုဘာလိုအဲ့လောက်ငြင်းနေတာလဲ ၊ သားက Maeရဲ့ သားလေ

Mae ဆေးရုံကိုသွားပြီးပြီ

ဟုတ်လား ၊ ဆရာဝန်က ဘာပြောသေးလဲ

ရောဂါက အခုမှ အစဖြစ်တာတဲ့ ၊ အဲ့ကြောင့် သူညွန်းပေးထားတဲ့ ဆေးတွေသာ အချိန်မှန်သောက်ရင် ရောဂါက လုံးဝပျောက်သွားနိုင်တယ်တဲ့

တကယ်ကြီး အရှင်းပျောက်သွားနိုင်တယ်ပေါ့်နော်

ဒါပေါ့် သား

ရုတ်တရက်ကြီး Mae ရဲ့ ရောဂါအခြေအနေကိုသိပြီးနောက် နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ခံရသလိုပင် ဖြေမဆယ်နိုင်အောင် ခံစားရပေမဲ့ သေချာကုသရင် လုံးဝအရှင်းကြီးပျောက်သွားနိုင်သည်ဟု Mae ရဲ့စကားကြားတော့

အခုမှ ရင်ထဲက အပူလုံးကြီးတစ်လုံး ကျသွားကာ ဝမ်းသာလွန်းလို့ အမေဖြစ်သူကို ငြင်သာစွာ ဖက်လိုက်တော့သည်။

တော်သေးတာပေါ့် Mae တကယ်ကို တော်သေးတာပေါ့် ၊ တကယ် ဆရာဝန်ထပ်မပြလို့်ရော ဖြစ်ရဲ့လား

ဖြစ်ပါတယ် ငါ့သားလေးရယ်

အမေဖြစ်သူကို တိုးလို့ဖက်နေရင်းမှ တစ်ခုခုကို သတိရသွားသည့်ဟန်

ဟို Mae
သား.....သား အဆောင်ခဏပြန်လိုက်ဦးမယ်

အမေဆီက ခွင့်ပြုချက်ရတာနဲ့ တစ်ပြိုင်နက် phတစ်လုံးနဲ့ မနေ့ကမှဝယ်ထားတဲ့လက်ဆောင်ကို ကဗျာကရာဆွဲကာ ဦးတည်ချက်က Peteရှိသော အဆောင်ဆီသို့

အဆောင်ရှေ့ရောက်တော့ တံခါးမဖွင့်မီ သူ့ကိုတောင်းပန်မည့် စကားများ အစီအရီပြင်ဆင်ရတော့သည် ။

သူသိသည် ။ မနေ့က သူph ဆက်ကတည်းက Peteအသံက သိပ်မကောင်းချင် ။ သူ့ကို စိတ်ဆိုးပြီး အခန်းထဲမှာ တစ်ယောက်တည်း ဘယ်လောက်တောင် ငိုနေမလဲဆိုတာ ပြေးမကြည့်စရာပင်မလို

Pete အတွက် ပျော်စရာအကောင်းဆုံး မွေးနေ့ပွဲလေးတစ်ခု သူဖန်တီးပေးချင်ပေမဲ့ အခြေအနေနှင့် အကြောင်းအရင်းက တိုက်ဆိုင်လာတော့ သူလည်းမတတ်နိုင်

အချစ်ဦး (Complete)Where stories live. Discover now