Zawgyi
ဘယ်လိုပင် အိမ်ထဲမဝင်ဖို့တားဆီးနေပေမဲ့ ကိုယ့်စကားကိုဂရုပင်မစိုက် ကားပေါ်ကဆင်းကာအရှေ့ကနေ ကျွန်တော့ရဲ့တိုက်ခန်းရှေ့ရပ်လျက် ကုဒ်ဖွင့်လိုက်ဆိုတဲ့ မျက်နှာပေးနှင့် ရပ်ကြည့်နေတာမို့ တကယ်ကိုမနိုင်တော့
သက်ပြင်းတစ်ချက်ချလျက် ဖြစ်ချင်ရာဖြစ်ဆိုကာ လျှို့ဝှက်ကုဒ်လေးနှိမ့်ပြီး ဖွင့်လိုက်သည် ။
အိမ်တံခါးဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် အိမ်ထဲကို ဝင်သွားလိုက်တာ တကယ့်ကိုသူ့အိမ်လိုပင် ၊
Ae ကိုအိမ်ထဲထိ ဝင်ခွင့်ပြုပြီးမှ အလောတကြီး တစ်ခုခုကို သတိရသွားကာ
Pete: မဖြစ်ဘူး Ae ဝင်လို့မဖြစ်သေးဘူးAe လက်ကိုအတင်းဆွဲကာ တားလိုက်ပေမဲ့
အံ့သြတုန်လှုပ်စွာ ရပ်တန့်နေသော Aeကို တွေ့လိုက်ရတာမို့ နောက်ကျသွားပြီထင်ဟုတ်ပါတယ် ။ Ae ရဲ့မျက်လုံးတွေက စားပွဲပေါ်မှာတင်ထားတဲ့ ဓာတ်ပုံလေးနှစ်ပုံရှိရာသို့ စူးစိုက်ကြည့်နေခဲ့သည် ။
တစ်ပုံက ကျောင်းယူနီဖောင်းလေးတွေနဲ့ရိုက်ထားတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပျော်ရွင်စွာဖက်ထားတဲ့ဓာတ်ပုံလေး ၊ နောက်တစ်ပုံကတော့ ဖြူစင်စွာပြုံးနေတဲ့ Aeရဲ့ ဓာတ်ပုံဘုရား ၊ ဘုရား ဘယ်လိုလုပ်ရမလဲ ၊ ဒီနေ့အတွက်သူ့ရဲ့မဟာအမှားက Aeကိုအိမ်အတွင်း ပေးဝင်မီလေခြင်းပါလား
Ae: Pete ကိုယ့်ရဲ့ဓာတ်ပုံလေးကို အခုထိသိမ်းထားတုန်းလား ၊ Pete လည်း ကိုယ့်ကို မမေ့နိုင်သေးဘူးမလား
ရုပ်ချည်ဆိုသလိုပင် ဝဲတက်လာတဲ့မျက်ရည်တွေနဲ့အတူ တုန်ယင်စွာပြောလာတဲ့ စကားများကြားထဲ သူဘာပြန်ပြောရမှန်းမသိတော့
Aeရဲ့မျက်နှာမှာလည်း အံ့သြခြင်း ၊ မယုံနိုင်ခြင်း ၊ ကြေကွဲခြင်းများ ရောယှက်နေသည်ကို အတိုင်းသားမြင်နေရသည်
Pete: အရင်ဆုံး ထိုင်ပါဦး ၊ ဘာသောက်မလဲ ၊ အိမ်မှာတော့ သောက်စရာ ကော်ဖီပဲ့ရှိတယ်
မကြားဟန်ဆောင်ကာ ဘာမှမဖြစ်ဟန်ဖြင့် အိမ်နောက်ဖေခန်းသို့ ပြေးထွက်သွားဖို့်လုပ်ပေမဲ့ နောက်ကနေလှမ်းဆွဲကာ တင်းကျပ်စွာဖက်လာတဲ့ Aeကြောင့် မပြေးထွက်နိုင်ခဲ့
YOU ARE READING
အချစ်ဦး (Complete)
Actionအချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား အချစ်ဆိုတဲ့အရာက ကံကောင်းခြင်းလား ကံဆိုးခြင်းလား