Part 11 (18+) (Z & U)

2.7K 187 8
                                    

Zawgyi

Ae.. ဘာလို့ Ae အခန်းထဲခေါ်လာရတာလဲ

ဒါဆို ငါက မင်းနဲ့အဲ့Zeeဆိုတဲ့တစ်ယောက်နဲ့ တစ်ခန်းတည်းအတူနေတာကို ဒီအတိုင်းထိုင်ကြည့်နေရမှာလား

အစကတည်းက တစ်ခန်းတည်း အတူတူတည်းတာကို သိပ်ကြည့်လို့ရနေတယ်လို့ မထင်နဲ့

သူငယ်ချင်း အချင်းချင်း တစ်ခန်းတည်းနေတာပဲ့ ဘာဆန်းလို့လဲ ။ ဖယ်ပေး ကိုယ့်အခန်းကိုယ်ပြန်မယ်

ယိုင်တီးယိုင်တိုင်နဲ့ထသွားပြီး တံခါးဆွဲဖွင့်ဖို့လုပ်နေတဲ့ Peteကို အနောက်ကနေ Aeက Pete ရဲ့ကိုယ်လေးကို သိုင်းဖက်လိုက်သည်။

Pete ကိုယ် Peteကို အရမ်းလွမ်းနေခဲ့တာ ၊ ဒီတစ်ညလေးတော့ ကိုယ်နဲ့အတူနေပေးပါနော်

Ae ရဲ့စကားကိုကြားလိုက်ရတော့ တံခါးကိုဖွင့်ဖို့လုပ်နေတဲ့ Peteရဲ့လက်လေးတွေက ခဏတာ ရပ်တန်းသွားခဲ့တယ် ။ မျက်လုံးလေးတွေလည်း နီရဲလို့ မျှော်လင့်ချက်ရောင်ခြည်လေးတွေ သန်းခဲ့တယ် ။ Aeရဲ့စိတ်ထဲမှာ အခုချိန်ထိကို သူ့ရှိနေသေးတာလား

ဟုတ်တယ် ။ သူလည်း Ae ကိုအရမ်းလွမ်းနေခဲ့တာ ၊ Ae ကိုအရမ်းကိုချစ်တာ

ဒါပေမဲ့ ဒီစကားတွေကို Aeရှေ့ရောက်တော့ မပြောထွက်ခဲ့ဘူး ။

ပြောထွက်ခဲ့သည် စကားလုံးလေးတွေကတော့ ရင်ထဲကစကားလုံးတွေနဲ့ ဆန့်ကျင်ဘက်တွေပေါ့်

ကျွန်တော်တော့ Aeကို မလွမ်းဘူး

မင်းကငါ့ကို တကယ်ပဲ့ မလွမ်းဘူးလား ၊ ခဏလေးတောင် တိုက်ဆိုင်မှုလေးတွေရှိရင်အောင် သတိမရဘူးလား

အစက Aeရဲ့အသံက ဒေါ်သသံတွေနဲ့ကျယ်လောင်စွာပြောနေပေမဲ့ အဆုံးသတ်ကြတော့ အသံလေးတိမ်ဝင်သွားခဲ့တာကို သတိထားမီသည်။

သူသိပ်သိတာပေါ့် ၊ Ae သူ့ရဲ့စကားတွေကြောင့် စိတ်မကောင်းဖြစ်သွားပြီဆိုတာ

အင်း Ae ကို မေ့ပစ်လိုက်တာ ကြာပြီ ၊ ကျွန်တော့်ကိုလွတ်ပေးတော့

Aeက သူ့ကိုမလွတ်ပေးတဲ့အပြင် ပိုမိုတင်းကြပ်စွာ ဖက်ထားခဲ့တယ်

ပြောမရသည့်အဆုံး Peteလည်း အတင်းရုန်းကန်တော့ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်

အချစ်ဦး (Complete)Where stories live. Discover now