TAE(2)

5.9K 418 9
                                    

Zawgyi
မနက်အိပ်ရာထကတည်းက ကိုက်နေသော
ခေါင်းကိုလျစ်လျူရှု၍ ရေမိုးချိုးကာအမြန်ပြင်ဆင်ရ
ပြန်သည်။ ခန္ဓာကိုယ်က ဘယ်လောက်ပဲပင်ပန်း
နေပါစေ ဂရုမစိုက်ပဲ မြန်မြန်ပြင်နေရသည်။ကိုကိုကထပ်ပြီးချိန်းထားသည်ပဲမလား။

ဒီတစ်ခါတော့ တကယ်တွေ့ရတော့မယ်ထင်ပါ
တယ်။ကိုကိုကphဆက်ကတည်းက ခါတိုင်းချိန်း
နေကျ coffeeဆိုင်မှာသူရောက်နေပြီ မြန်မြန်
လာခဲ့ ဟုပြောပြီးphချသွားတာပဲဟာ။တကယ်
တွေ့ရတော့မှာပါ။

ဆက်ပြီးတွေးမနေတော့ပဲ Appaနှင့်Ommaကို
နှုတ်ဆက်ကာ ကားကိုတဟုန်ထိုးမောင်းပြီး
ကိုကိုရှိရာသို့ထွက်လာခဲ့သည်။

ဆိုင်ထဲဝင်လိုက်သည်နှင့် coffeeသောက်
နေသော ကိုကို့ကိုတွေ့လိုက်ရတာကြောင့်
ရင်ထဲကပျော်ရွှင်မှုဟာ အတိုင်းမသိ။

"ကိုကို စောင့်နေရတာကြာပြီလားဟင်။
ကလေးနည်းနည်းနောက်ကျသွားတယ်ထင်တယ်"

ကိုကို့ကိုတွေ့လိုက်သည်နှင့်ပင် ပင်ပန်းသမျှ
အားလုံးပြေပျောက်သွားသလိုရှိသည်။
လန်းဆန်းတက်ကြွသွားပြီး မျက်နှာမှာလည်း
ပြုံးဖြီးနေမှာသေချာပါသည်။အချစ်စစ်ဆိုတာဒါမျိုးပဲ နေမှာ။

"အင်း တော်တော်နောက်ကျတယ်"

ကိုကိုဖြေလိုက်သောစကားကြောင့်
သူစိတ်မကောင်းမိ။မျက်နှာလည်း ကွက်ခနဲပျက်
သွားသည်ထင်သည်။သို့သော် ခနဆိုမှတကယ်
ခနလေးပါ coffeeခွက်ကိုပဲအာရုံရနေသောကိုကို ကတော့သိလိုက်မည်မထင်။သူမျက်နှာကို
အမြန်ပြင်လိုက်ပြီး အလှဆုံးထပ်ပြုံးကာ

"ဟုတ် ကိုကို ကလေးတောင်းပန်ပါတယ်နော်
စိတ်မဆိုးဘူးမလားဟင်"

"အင်း ရပါတယ်၊ ဒီနေ့တွေ့တာအရေးကြီးကိစ္စပြော
စရာရှိလို့"

"ဟုတ် ပြောလေကိုကို"

"လက်ထပ်ပွဲကို ရှေ့တိုးပေးလို့ရမလား
အမြန်ဆုံးဖြစ်စေချင်ပြီ"

ကိုကိုပြောလိုက်သောစကားကြောင့် သူရှက်သွားမိသည်။မျက်နှာမှာလည်း ယခုဆို နီမြန်းနေလောက်
ပြီဖြစ်သည်။

"ကိုကိုကလည်း လက်ထပ်ဖို့က နှစ်လလောက်ပဲ
လိုတော့တာကို ကလေးလဲ ကျောင်းပြီးတော့မှာပါ
အဲ့လောက်ထိတော့စောင့်ပေးပါနော် ကိုကို"

TAEWhere stories live. Discover now