TAE(11)

3.4K 352 34
                                    

Zawgyi
သိပ်တော်တယ် 'TAE'
ဆက်ပြီးမုန်းနေပေးပါ
ကိုယ်ကဆက်ပြီးပိုပိုချစ်နေပေးမှာမို့...

...............💜TAE💜...............

အရမ်းမူးဝေနေသော ခေါင်းကြောင့်
တစ်ကိုယ်လုံးနည်းနည်းမျှပင်မလှုပ်နိုင်

လေးကန်နေသော မျက်လုံးများကို အသာအယာ
ဖွင့်ကြည့်မိတော့.....

သူနှင့်စိမ်းသက်သည့်,တစ်ခါမျှမမြင်ဖူးသည့်
မျက်နှာကျက်တစ်ခု။
ထိုအခါမှပင် သူ့မျက်လုံးများအလိုလိုကျယ်လာခဲ့
လေတော့သည်။

အခန်းပတ်ပတ်လည်ကိုကြည့်လိုက်သော
အခါ၌ သူ့အခန်း၏ နှစ်ဆခန့်ရှိသော အိပ်ခန်း
တစ်ခုပင်ဖြစ်လို့နေသည်။မွေ့ယာ၊ကုတင်နှင့်
တခြားပစ္စည်းများ၊အခန်းအပြင်အဆင်
များမှာလည်း မြင်ရုံနှင့်ပင် အလွန်တန်ဖိုး
ကြီးမားလွန်းလှကြောင်း ထင်ရှားစေနိုင်သည်။

ဒီကိုသူဘယ်လိုရောက်လာတာပါလိမ့်။
မင်္ဂလာပွဲ.....အင်း ဟုတ်တယ်
မင်္ဂလာပွဲကရော ဘယ်လိုဖြစ်သွားပြီလဲ။
သူဘာဆိုဘာမျှမမှတ်မိတော့ချေ။
သူပြန်စဉ်းစားလို့ရသလောက်ကတော့
သူ့ကိုလူတစ်ယောက်က ပုဝါနှင့်အုပ်ပြီးမေ့အောင်
လုပ်လိုက်ခြင်းပင်။ထို့နောက်ဘာမှမသိတော့ချေ။

အိပ်ယာပေါ်တွင် Taeလေးတစ်ယောက်
ဒူးလေးထောင်ကာ ထိုင်ပြီးစဉ်းစားနေမိသည်။

သူ့ကိုဘယ်သူခေါ်လာတာပါလိမ့်...
ပြန်ပေးဆွဲလာတာများလား...
အဲ့လိုလဲ ဟုတ်မည်မထင်။
ယခုရောက်နေသော အိပ်ခန်းကို
ကြည့်ခြင်းဖြင့်ပင် သူ့ကိုခေါ်လာသောသူ
မည်မျှချမ်းသာကြောင်းက ထင်ရှားနေပေသည်။
သူတို့ထက်ပင် ချမ်းသာလောက်မည့်ပုံ။
သည်လောက် ကြီးကြီးတက်ချမ်းသာသည့်
သူမျိုးကသူ့ကိုဘာလို့အခုလိုပြန်ပေးဆွဲရသည်လဲ?
သူ့ဆီက ဘာယူချင်စရာများရှိနေလို့လဲ.....

အတွေးများမဆုံးမီပင်ကြားလိုက်ရသည့်
တံခါးခေါက်သံကြောင့် သူလန့်သွားမိသည်။
လေးငါးခါလောက်ခေါက်ပြီး ပွင့်ဟလာသော
အခန်းတံခါး.......

"Jung... Jung Kook hyung"

"သတိရလာပြီလား Tae......
ဒီမှာ ဆန်ပြုတ်လေးပြုတ်ပေးထားတယ်
သောက်လိုက်ပါဦး ပြီးတော့ဆေးလေးပါ
တစ်ခါတည်းယူလာခဲ့တယ် ခေါင်းမူးနေမှာစိုးလို့
ဆန်ပြုတ်လေးသောက်ပြီးရင်
ဆေးသောက်လိုက်နော် Tae"

TAEWhere stories live. Discover now