TAE(5)

4.3K 373 23
                                    

Zawgyi
"သားရေ ပြီးရင်ဆင်းခဲ့တော့နော်
Ommaတို့အောက်မှာပဲစောင့်မယ်"

Ommaက အခန်းတံခါးကိုခေါက်ပြီး ပြောကာ
အောက်ထပ်ကိုဆင်းသွားဟန်ရှိသည်။
Ommaလာပြောမှသာ လျှော်ထားသော
ခေါင်းကို ရေပြောင်အောင်မြန်မြန်သုတ်ကာ
အဝတ်အစားကိုလဲ ခပ်သွက်သွက်လဲလိုက်ရသည်၊
အင်္ကျီတွေကတော့ မနေ့ညကတည်းက ပြင်ဆင်
ထားပြီးသားလေ။ကိုကို့မိသားစုနဲ့
dinnerဆိုတော့ သေသေသပ်သပ်ဖြစ်နေမှ
တော်ကာကျမည်မလား။

ရေမိုးချိုးဖြီးလိမ်းပြီး ပြင်ဆင်နေတာကို
နှစ်နာရီလောက်ကြာသွားသည်ထင်ပါရဲ့။
Tae Hyungတစ်ယောက် အောက်ထပ်ဆင်းသွားတော့ Appaနဲ့Ommaနဲ့က
အားလုံးပြင်ဆင်ပြီးကာ ဧည့်ခန်းထဲတွင်ထိုင်ရင်း
သူ့ကိုစောင့်နေဟန်ရှိသည်။

"Appa,Omma သားနည်းနည်းနောက်ကျသွားတယ် hee"

လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့ ပြုံးပြကာ
appaတို့အား စကားဆိုလိုက်သည်။

"ရပါတယ်သားရဲ့ အခုမှသွားလဲ အချိန်ရပါသေး
တယ်"

appaက ပြောပြောဆိုဆိုဖြင့်
Ommaလက်ကိုတွဲကာ ကားဆီသို့
ထွက်သွားလေ၏။သူစိတ်ထင်လို့လားတော့မသိ။
appaက ပျော်နေသယောင်ပင်။

ကားနားကိုသွားတော့ driver Leeက
appaနှင့်ommaကိုဦးညွတ်ပြီး တံခါးဖွင့်ပေး
နေသည်။သူလာသည်ကိုတွေ့တော့လဲ ထိုနည်းတူပင်။

ဤသို့ဖြင့် ကားလေးတရွေ့ရွေ့နှင့် မောင်းနှင်ကာ
ကိုကိုတို့နှင့်ချိန်းထားသော appaပိုင်သည့်
Victory hotelရှိရာဆီ.........။

Hotelသို့ရောက်သည်နှင့် ကားပေါ်မှဆင်းတော့
ကော်ဇောအနီရောင်ခင်းကာ hotelထဲရှိ ရှိသမျှ ဝန်ထမ်းများအားလုံးထွက်ပြီး ဦးညွတ်ကာ
ကြိုဆိုနေကြသည်။ဒါတွေအကုန်လုံးက
appaနဲ့ommaရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊
ဂုဏ်အရှိန်အဝါတွေကြောင့်ပါ။တစ်နည်းအားဖြင့်
Koreaနိုင်ငံရဲ့No.1အချမ်းသာဆုံး မိသားစု
ဖြစ်တာကြောင့်ပေါ့။........

နှစ်ဖက်မိသားစု သီးသန့်တွေ့ကြတာဆိုတော့
လွတ်လွတ်လပ်လပ်ပြောဆိုနိုင်ရန်
Viewအကောင်းဆုံးဖြစ်သည့် အပေါ်ဆုံးထပ်
တစ်ထပ်လုံး၌ အပြင်လူမရှိစေရန်
Appaပြောဆိုထားဟန်ရှိသည်။

TAEWhere stories live. Discover now