TAE(6)

4.2K 357 21
                                    

Zawgyi
ပြန်လည်တွေ့ဆုံခြင်းက မလှပပေမယ့်
ကိုယ့်ရဲ့တစ်ဦးတည်းသောသူလေးကတော့
လှပနေဆဲပဲ'TAE'

...............💜TAE💜...............

"Jung Kookကကြာဦးမယ်ထင်တယ်
TaeHyungလေးတို့လည်းဆာနေတော့မယ်
စားနှင့်လိုက်ကြမလားဟင်"

"စောင့်လက်စနဲ့ဆက်စောင့်လိုက်ကြရအောင်ပါ၊
သူလာရင်အားနားစရာကြီးဖြစ်နေပါလိမ့်မယ်"

ကိုကို့မေမေရဲ့အပြောကို ပြုံးပြုံးလေးနှင့်သာဆို၍
ငြင်းလိုက်မိသည်။မိသားစုပဲဟာ ဘယ်လိုပဲဖြစ်ဖြစ်
စောင့်ပေးရမှာပဲမဟုတ်လား။

Taehyungစကားအဆုံးတွင်
သူ့ကိုမကြည်ကြည့်ဖြင့်ကြည့်လိုက်သည့် JungMinရဲ့မျက်လုံးအစုံကိုတော့
မည်သူမျှတွေ့လိုက်ရမည်မဟုတ်.....

တစ်အောင့်အကြာမှာတော့ နှစ်ဖက်မိဘတို့ရဲ့
စကားသံများကြားထဲတွင် ပုံမှန်လေးလျှောက်လာ
သောခြေသံလေးပါ ပါဝင်လာခဲ့သည်။

"ကျွန်တော်ရောက်ပါပြီ Appa
နောက်ကျသွားရင်တောင်းပန်ပါတယ်"

တစ်ခါမှ မကြားဖူးသည့် စကားသံကိုကြားလို့
မော့ကြည့်လိုက်တော့......

ခါးကိုကိုင်းကာ ဦးညွတ်ပြီးပြောနေသည်မှာ
ကျွန်တစ်ယောက်က မိမိ၏သခင်ကို
ကြောက်လန့်တကြီးနှင့် မဝံ့မရဲပြောနေရသည့်
အလား.....။

aww ဒီလူက appaပြောတဲ့
Jeon Jung Kookဆိုတဲ့တစ်ယောက်လား။
ရုပ်ကတော့ ပြောစရာမရှိအောင် အရမ်းချော
လွန်းပေမယ့်လဲ ကျွန်တော့်မျက်လုံးထဲတော့
သိပ်စိတ်တိုင်းမကျလှ။ကိုယ့်အဖေကိုပြောတာပဲ
ဟာ တောင်းပန်တာတွေ ခါးညွတ်တာတွေက
ရိုသေလေးစားလို့ဆိုပေမယ့် သူ့အမူအရာကိုတော့
ပိုလွန်းသည်ဟုပင် ထင်မိနေသည်။

ချောသည်မှာတော့ ကိုကို့ထက်ပင်ပိုချင်လျှင်ပိုနေပါလိမ့်မည်။ ဟော ထိုင်ခုံမှာထိုင်တာတောင်
မရဲတရဲနှင့် ခေါင်းကြီးလဲငုံ့လို့။
စတိုင်ကျကျဝတ်စားဆင်ယင်ထားပြီး
မင်းသားရှုံးအောင်ချောနေတဲ့သူ့အဖို့
ဒီလိုမတုန်မလှုပ်ဖြစ်နေသည်မှာ ဘယ်လိုမှပင်
ကြည့်၍မဖြစ်။

အင်းး ကိုကို့ဖေဖေပြောသလို လူတောမတိုးဘူး
ထင်ပါရဲ့....။TaeHyungမှာတော့
ပထမဦးဆုံးမြင်ဖူးသည့်သူစိမ်းတစ်ယောက်ကို
ကိုယ့်အထင်အမြင်နှင့်ပင် ပထမဦးဆုံးအကြိမ်
ကောက်ချက်ချပြီးစဉ်းစားသုံးသပ်နေမိသည်။

TAEWhere stories live. Discover now