Zawgyi
သိပ်ချစ်တယ်ဆိုတာကို ပြောပြခွင့်တောင်မရှိတဲ့ဘဝပါ 'TAE'...............💜TAE💜...............
"ဘုန်း....."
Mr.Jeon၏ရုံးခန်းထဲမှထွက်လာသော
အသံကျယ်တစ်ခု......"ငါပြောတာနားလည်တယ်မလား
ဒီတစ်ခေါက်တော့ရှိပါစေတော့။
နောက်တစ်ခါဒါမျိုးဖြစ်ရင်တော့ လုံးဝခွင့်လွှတ်မှာ
မဟုတ်ဘူးနော်Jung Kook။
မင်းကိုဘယ်တုန်းက အဲ့နေ့ကလိုမိသားစုသီးသန့်
တွေ့တဲ့ပွဲမပြောနဲ့ လူကြီးလူကောင်းတွေ,
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ရတဲ့ပွဲတွေကို
တောင်တက်ခိုင်းဖူးလို့လားဟမ်....""...."
"နောက်တစ်ခါဆိုရင် Kimမိသားစုနဲ့အဝေးဆုံးမှာပဲ နေပါ။ဘယ်သူကဘာ့ကြောင့်ပဲအဲ့မိသားစုနဲ့
တွေ့ဖို့ရာခေါ်ခေါ်,နောက်ဆုံး အဲ့လူကငါဖြစ်နေရင်
တောင် မင်းအနေနဲ့မရရတဲ့နည်းနဲ့ငြင်းပြီး
တတ်နိုင်သမျှအဝေးဆုံးမှာနေပေးရမယ်။
Jung Minရဲ့မင်္ဂလာဆောင်နေ့တောင်မလာခဲ့ပါနဲ့။"Jung Kookတစ်ယောက်အံ့သြမှုများဖြင့်
ပြည့်နှက်နေသောမျက်ဝန်းတို့နှင့်Mr.Jeonအား
ကြည့်လိုက်ပြီး........"Appa..."
"မင်းငါ့ကိုခေါ်နေတဲ့စကားလုံးအတိုင်း
ငါ့ကိုတကယ် မင်းရဲ့appaလို့တွေးတယ်ဆိုရင်
ငါပြောသလိုပဲနေပေးပါ။ငါ့ဘက်ကပြောစရာစကား
ကုန်ပြီဆိုတော့ မင်းသွားနိုင်ပြီ။ငါလဲပင်ပန်းနေပြီမို့
နားချင်ပြီ""Nae appa,သားappaပြောသလိုပဲနေပါ့မယ်
ဒါဆို သွားခွင့်ပြုပါဦး"Appaရဲ့လက်စွဲတော်တုတ်နဲ့ ရိုက်ထားလို့
နာနေတဲ့ခါးကိုလျစ်လျူရှုပြီးappaအား
ခါးကိုကိုင်းပြီး လေးလေးစားစားဦးညွတ်ကာ
ထွက်လာခဲ့မိသည်။'Appa'....အင်း 'Appa'ဆိုတဲ့နာမ်စားလေး..။
ဘဝမှာဒီတစ်ခုလေးပဲappaရဲ့အမိန့်ကိုဆန့်ကျင်ခဲ့ဖူးပါသည်။ငယ်ငယ်ကတည်းက မခေါ်ပါနဲ့ဆိုပြီး
အတင်းရိုက်နှက်ဆူပူတာကိုတောင် ခေါင်းမာပြီး
ခေါ်ခဲ့ရတဲ့ 'Appa'ဆိုတဲ့နွေးထွေးသောနာမ်စား
လေး...။နောက်တော့Appaလဲပြောမရတဲ့အဆုံး
လက်လျော့ခဲ့ပါတယ်လေ။ကျွန်တော်ကိုယ့်ကို
ကိုယ် သုံးတဲ့'သား'ဆိုတဲ့နာမ်စားလေးကို
ပြန်မခေါ်ခဲ့ပေမယ့်လို့ပေါ့........။
YOU ARE READING
TAE
RandomBoth uni and zawgyi Zawgyi ကျွန်တော်ချစ်ရတဲ့တစ်ဦးတည်းသောလူသား'TAE' Unicode ကျွန်တော်ချစ်ရတဲ့တစ်ဦးတည်းသောလူသား'TAE'