TAE(16)

3.7K 370 67
                                    

Zawgyi
ကိုယ့်ဘက်က ပထမဆုံးနဲ့
နောက်ဆုံးတောင်းဆိုမှုပါ'TAE'

...............💜TAE💜...............

"အားလုံးအတွက်တောင်းပန်ပါတယ် hyung
အချိန်လဲ မနည်းတော့တာမို့ကျွန်တော့်ကို
ခွင့်ပြုပါဦး"

"သေချာပြီလား ကလေး
ကို့ကိုပစ်ပြီးJung Kookကိုရွေးချယ်မယ်ဆိုတာ
တကယ်သေချာသွားလို့လား
Jung Kookဆိုတာ ဘာအရည်အချင်းမရှိ,
လူတောမတိုးရဲတဲ့လူမျိုးဆိုတာသိရက်နဲ့တောင်
လေ?"

ထိုစကားကြောင့်ပင် ပြုံးနေသောTaeလေးရဲ့
မျက်နှာသိသိသာသာပင် ပျက်ယွင်းသွားရသည်။

"သူဘယ်လိုပဲဖြစ်နေပါစေ
အခုချိန်မှာကျွန်တော့်ရဲ့ခင်ပွန်းဖြစ်နေပါပြီhyung
အဲ့ဒါကြောင့် အပြောအဆိုဆင်ခြင်ပေးပါ။
'ကလေး'ဆိုတဲ့အခေါ်အဝေါ်ကအစပေါ့..
ပြီးတော့ ကျွန်တော်hyungဆီလဲပြန်မလာနိုင်တာ သေချာသွားပြီမို့ ထပ်ပြီးပတ်သတ်စရာ
အကြောင်းမရှိတော့ဘူးထင်ပါတယ်
ဒါဆို ခွင့်ပြုပါဦး"

ပြောပြီးသည်နှင့် ချက်ချင်းထလိုက်သော
Taeရဲ့လက်ကို Jung Minဆွဲထားကာ

"မင်းဘာလို့အဲ့လောက်ပြောင်းလဲသွားရတာလဲ
ဟမ်? အဟက် ဘာလဲ မင်းတို့ကအစကတည်းက
ကိုယ်နဲ့စေ့စပ်ထားတဲ့သူရဲ့ညီနဲ့ဖောက်ပြန်နေကြတာလားဟမ်။ အရည်အချင်းမရှိတဲ့လူကို
ရွေးချယ်ခဲ့လို့ မင်းတစ်နေ့နောင်တရလိမ့်မယ်
Taehyung"

ထိုစကားကြောင့် Taeရဲ့လက်တို့တုန်ယင်
လာကာ ဒေါသများထောင်းခနဲထွက်လာရသည်။

"Weddingနေ့တုန်းက ကျွန်တော်ပျောက်သွားတာတောင် မစိုးရိမ်ပဲ ခင်ဗျားကောင်မလေးနဲ့
တိတ်တိတ်ပုန်းလက်ထပ်ပြီးhoneymoon
ထွက်သွားကြတဲ့ ခင်ဗျားတို့လောက်တော့
မဆိုးသေးပါဘူး။..

အရည်အချင်းမရှိဘူး ဟုတ်လား?
ကောင်းပြီလေ ဒါဆိုလဲ ကျွန်တော့်ယောကျာ်းကို
Jeon Companyကနေထုတ်လိုက်ပါ
မနက်ဖြန်ကစပြီး Jeon Jung Kookဆိုတဲ့
ကျွန်တော့်ယောကျာ်းဘာဆိုတာ
ခင်ဗျားသိစေရမယ် ok? 
အရည်အချင်းမရှိတာလားအဲ့အရည်အချင်းကို
ထုတ်ပြခွင့်မပေးကြတာလားဆိုတာ
ပိုပေါ်လွင်သွားတာပေါ့...
aww ပြီးတော့ခင်ဗျားပြောလိုက်တဲ့စကားတွေကို
ခွင့်လွှတ်လိုက်တယ်ဆိုတာ ကျွန်တော့်ခင်ပွန်းရဲ့
အကိုဆိုတဲ့စိတ်နဲ့နော် နောက်တစ်ခါဆိုရင်တော့
အကိုအရင်းလဲမဟုတ်ဘူးဆိုတော့
သက်ညှာမှာမဟုတ်လို့ သတိထားပြီးနေပေးပါ"

TAEWhere stories live. Discover now