TAE(13)

3.5K 359 33
                                    

Zawgyi
ကိုယ့်ကိုလက်ခံပေးတဲ့အတွက်
ကျေးဇူးပါ'TAE'
မနက်ဖြန်တွေတိုင်းမှာ ပိုပိုချစ်ပေးသွားပါ့မယ်

...............💜TAE💜...............

"ကျွန်တော်လုံးဝလက်မခံနိုင်ပါဘူးOmma!"

Ommaထံမှ စကားတစ်ခွန်းကို ကြားပြီး
ချက်ချင်းပင် ထိုင်နေရာမှထကာ ငြင်းဆိုသည့်စကားကို ဒေါသတကြီးအော်ပြောမိသည်။
ဒါလက်ခံနိုင်တဲ့ကိစ္စမျိုးမှမဟုတ်တာ...။

"ဒါက သားဆီကနေ လက်ခံပါလို့ တောင်းဆိုနေတဲ့ ကိစ္စမဟုတ်ဘူးနော် Kim Tae Hyung
Ommaတို့ပြောတဲ့အတိုင်း သေချာပေါက်ကို
Jung Kookနဲ့သားလက်ထပ်ရလိမ့်မယ်"

"အကြောင်းပြချက်ကရော..?
ပြောလေOmma ကျွန်တော်လုံးဝ
မချစ်မနှစ်သက်တဲ့လူတစ်ယောက်နဲ့
လက်ထပ်ရမှာကို Ommaဒီအတိုင်း
ထိုင်ကြည့်နေရက်တယ်ဆိုတဲ့သဘောပေါ့.."

"..."

"Omma ပြောလေ အဲ့ဒီJung Kookဆိုတဲ့
လူနဲ့ သားကို ဘာလို့အတင်းလက်ထပ်စေချင်နေရတာလဲ လက်ထပ်ရမယ့် အကြောင်းပြချက်ကို
ခိုင်ခိုင်လုံလုံမပြနိုင်မချင်း သားလက်မခံနိုင်ဘူး
Omma"

Taehyung၏စကားဆုံးသွားသော်လည်း
အချိန်အတော်ကြာသည်အထိ ငြိမ်သက်ကာ
စဉ်းစားတွေဝေနေသောMrs.Kim..။
ထို့နောက်မှ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ
ချပြီးသည့် ဟန်ဖြင့်.....

"တောင်းပန်ပါတယ် သား..
Omma သားကိုစိတ်ထိခိုက်စေဖို့
မရည်ရွယ်ပါဘူး မှန်ကန်တဲ့လမ်းတစ်ခုကိုပဲ
သားကိုလျှောက်စေချင်ရုံပါ"

ဓာတ်ပုံအချို့ကို ထုတ်ပြရင်း ရှင်းပြလာသော
Omma၏ စကားများမှာ နှလုံးသားကို
ဓားကဲ့သို့ ချွန်ထက်သော အရာဖြင့်
အစိမ်းသက်သက်ထိုးခံလိုက်
ရသကဲ့သို့ပင် ရက်ရက်စက်စက်....။

...............💜TAE💜...............

"Tae တကယ်ပြောတာလား
ကိုယ်ယုံတောင်မယုံနိုင်ဘူး တကယ်ပြောတာလားဟင်။Taeရယ်ပျော်လိုက်တာကွာ"

Ommaရှင်းပြသည်များကို နားထောင်ပြီးသည့်အခါ Ommaပြောသည့်အတိုင်းသာ စိတ်မပါပဲ
လက်ခံလိုက်မိတော့သည်။အခုလဲ
Ommaသဘောကိုလက်ခံလိုက်ကြောင်း
သူ့ကိုလာပြောပြနေရခြင်းပင်။Omma၏
ခိုင်းစေမှုကြောင့်ပင်။...

TAEWhere stories live. Discover now