TAE(12)

3.6K 362 47
                                    

Zawgyi
ခွင့်လွှတ်ပေးဖို့မမျှော်မှန်းပေမယ့်
တောင်းပန်ပါရစေ'TAE'
ကိုယ့်အပြစ်တွေအရမ်းများသွားပြီမို့....

...............💜TAE💜...............

"Knock knock..."

"Tae တံခါးဖွင့်ပေးပါဦး
မဖွင့်ပေးရင်လဲ သော့ကကိုယ့်ဆီမှာမို့
ကို ကိုယ်တိုင်ဖွင့်ဝင်လာမှာနော်"

ထိုသို့ပြောမှသာ ဆူပုတ်ပုတ်ရုပ်လေးနှင့်
တံခါးလာဖွင့်ပေးရှာသော ချစ်ရသည့်ကလေးငယ်။
ဖွင့်ပြီးတာနှင့် အိပ်ရာပေါ်ပြန်သွားကာ
စောင်ထဲတွင်သာ လုံး၍ နေလေပြန်သည်။

"ကြက်သားစွတ်ပြုတ်လုပ်လာခဲ့တယ်Tae
ကုန်အောက်သောက်ပြီးရင် ဆေးသောက်လိုက်ပါ
Taeရဲ့ommaတို့ကိုလဲ ကိုယ်phဆက်ပြီးပါပြီ
မနက်ဖြန်ကျရင် Taeကို ကိုယ်ပြန်ပို့ပေးပါ့မယ်"

စကားလဲဆုံးရော ပြုံးရွှင်သွားသော
Taeပုံစံမှာ လိုချင်နေတဲ့အရုပ်ကလေးရသွား၍
ပျော်ရွှင်နေသော ကလေးလေးပမာ
နှစ်လိုဖွယ်အတိ.....

"တကယ်...ခင်ဗျားတကယ်ပြောနေတာနော်"

"အင်း ဒါပေမယ့် ဒီစွတ်ပြုတ်နဲ့ဆေးတွေကိုတော့
ကုန်အောင်သောက်မှရမှာနော်"

"အာ... ပေး ပေး သောက်မယ်"

စွတ်ပြုတ်ပန်းကန်အား ခပ်မြန်မြန်ယူကာ
တစ်ဇွန်းချင်း အားရပါးရခပ်သောက်နေသော
Taeလေး.....
ခနမျှအကြာ ဘာကိုစဉ်းစားမိသည်မသိ၊
မှိုင်သွားပြန်လေသည်။

"ခင်ဗျားက ommaကိုဘာတွေပြောလိုက်တာလဲ
ခိုးပြေးလာတာလို့ပြောလိုက်တာလားဟင်
အဲ့ဒါဆို Ommaနဲ့... ပြီးတော့ ကိုကိုရော
အထင်လွဲကုန်ကြတော့မှာပဲ..
ပြီးတော့ရော ဒီလိုကြီးတစ်ညတောင်
မင်္ဂလာပွဲကပျောက်လာတာဆိုတော့.."

ကြည့်ပါဦး ကလေးလေးက ဒီအချက်ကို
အခုမှစဉ်းစားမိသည်ထင်ပါရဲ့ စားနေရင်း
ဇွန်းကိုချကာ အီခနဲ့အော်ငို၍ သူ့အား
ရန်လုပ်နေလေသည်။နုတ်ခမ်းလေးထော်ကာ
ရန်တွေ့နေသော ကလေးလေးအား မောမည်စိုး၍
စကားမဆုံးမီပင် ဖြတ်ပြောလိုက်ရသည်။

"မဟုတ်ပါဘူး Taeရယ်
ကိုယ် အဲ့လိုပြောမထားပါဘူး
အဆင်ပြေအောင်ကြည့်ပြီးပြောထားပါတယ်
Taeရဲ့Ommaကလဲ နားလည်ပါတယ်
hyungနဲ့ကိုယ့်မိဘတွေကိုလဲ
နားလည်အောင် ကိုယ်ရှင်းပြပေးပါ့မယ်
ကိုယ်ပဲမှားခဲ့တာပါ ဆိုတဲ့အကြောင်း"

TAEWhere stories live. Discover now