TAE(15)

3.5K 349 48
                                    

Zawgyi
Taeရဲ့စိတ်ကူး
Taeရဲ့အတွေး
Taeဖြစ်ချင်တဲ့ဆန္ဒတွေကို
ကိုယ်အကုန်သိခွင့်ရှိမလားTae
ကိုယ်ဖြည့်ဆည်းပေးချင်လို့....

...............💜TAE💜...............

ဒီလိုအိမ်အကြီးကြီးထဲမှာ နေ့လည်ဘက်
Jeoncompanyသွားချိန်ဆို
တစ်ယောက်တည်းအရမ်းညီးငွေ့စရာကောင်းလွန်းလှသည်။ထို့ကြောင့်companyကို
အတူတူသွားရန် ဆိုသော်လည်း Jeonကသူ့ကို
တစ်ခါမျှပင်ခေါ်မသွားဖူးချေ။

ထို့ကြောင့်တစ်ယောက်တည်းရှိသည့်
အချိန်များတွင် Taehyungတစ်ယောက်
ထိုအိမ်ကြီးကို သေသေချာချာတစ်ခန်းဝင်
တစ်ခန်းထွက် ကြည့်ရှုမိသည်။

Appaနှင့်Ommaတို့လက်ဖွဲ့မည်ဆိုသည်ကိုပင်
မရမကငြင်းကာ Jeonက
သူ့အိမ်တွင်သာနေထိုင်စေသည်။
Seoulမြို့ရှိအိမ်,Busanတွင်နေထိုင်သော
အိမ်များသည် လိုအပ်သည်ထက်
ပိုခမ်းနားကြီးကျယ်သည်မှာတော့အမှန်ပင်
ဖြစ်သည်။

Jeon groupသည် ချမ်းသာသည်ဆိုသော်ငြား
ဤမျှလောက်တော့ ရှိနိုင်လိမ့်မည်မထင်။
ဤသို့ ကြီးကြီးတက်ချမ်းသာနေလျှင်လည်း
Ommaပြောပြသည့်ကိစ္စကို သူတို့အနေနှင့်
ကြံစည်လိမ့်မည်မထင်။...

ထို့အပြင်Jeonသည် Appaပေးသော
Kim groupမှလုပ်ငန်းအချို့ကိုလည်းငြင်းကာ
Jeon ဖေဖေcompanyမှာပဲ ဆက်၍
လုပ်ကိုင်နေပေသည်။Kim group၏
လုပ်ငန်းတစ်ချို့ရှိCEOနေရာကို
ငြင်းကာ လူသိမခံရသော ရာထူးရာခံမရှိသည့်
နေရာတွင် ကျေကျေနပ်နပ်ကြီး နေနေသည်ကို
Taehyungအံ့သြမိသည်မှာ အမှန်ပင်။

စဉ်းစားနေသော အတွေးများကို
ရပ်တန့်စေလိုက်သည့်အရာမှာ
ဘေးနားရှိစားပွဲပေါ်မှ ဖုန်းမြည်သံ....

ph screenပေါ်မှ ပေါ်နေသော
'ကိုကို'ဟူသည့် contactလေးကြောင့်
Taehyungအံ့သြကာ ခေတ္တမျှကြောင်နေမိ
သည်။

မကိုင်မချင်း စက္ကန့်မလပ် ဆက်တိုက်ခေါ်နေသော
ကြောင့် answerကိုနှိပ်ကာ နားထောင်မိလိုက်သည်။

"ကလေး... ကိုကိုပြောစရာရှိလို့
ကိုကို့companyနားက ခါတိုင်းတွေ့နေကျ
Coffeeဆိုင်မှာ လာတွေ့ပေးပါ
အရေးကြီးတာမို့ မဖြစ်မနေလာတွေ့ပေးပါနော်
ကလေး"

TAEWhere stories live. Discover now