TAE(18)

8.6K 528 213
                                    

Zawgyi
Taeရဲ့ပြီးပြည့်စုံမှုအတွက်
ဘေးနားမှာကိုယ်အမြဲရှိနေပေးပါ့မယ်'TAE'

...............💜TAE💜...............

အနောက်ဘက်သို့တိုးဝင်ပျောက်ကွယ်သွားသော
နေမင်းကြီးသည်ပင် အရှေ့ဘက်သို့တစ်ဖန်
ရောက်ရှိလို့လာခဲ့ပေသည်။.....
လူကုံထံတွေသာနေသော ဆိတ်ငြိမ်ရပ်ကွက်
ဖြစ်သည့်အပြင် ခြံဝင်းများမှာလည်း ကျယ်ပြော
လွန်းသောကြောင့် ယခုလိုမနက်ခင်းများတွင်
ကျေးငှက်များ၏သာယာနာပျော်ဖွယ်ကောင်းသော
တေးဆိုသံလေးများကို အစဉ်ကြားရစမြဲဖြစ်သည်။

မနက်လင်းတာနှင့် ချက်ချင်းထကာ
work outလုပ်လေ့ရှိသော သူသည်
ယခုတွင်တော့ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ
အိပ်မောကျနေသည့် ကျားပေါက်လေး
နိုးသွားမည်စိုးသောကြောင့် မလှုပ်မယှက်ဘဲ
နေကာဖြင့် ထိုကျားပေါက်လေးအား
မျက်တောင်မခတ်တမ်းငေးမောနေမိသည်။

လှရက်လွန်းသည်။...
မဟုတ်သေးပေ...လှသည်ဆိုတာထက်ပင်
ပိုနေပေလိမ့်မည်....။

နူးညံ့အိစက်နေသောဆံကေသာ ၊
မဆိုသလောက်လေး ကျယ်သည်ဟုထင်ရသော
နဖူးလေး....၊
သေသပ်လှပစွာရှိနေသော ဇင်ယော်တောင်
မျက်ခုံးလေး...၊
ခပ်စိပ်စိပ်မျက်တောင်မွှေးလေးများအနားကွပ်ထား
သော အရည်လဲ့လဲ့မျက်လုံးလေးများ..၊
ချွန်မြနေသော နှာတံလေးကို ပြီးပြည့်စုံစေရန်
ဖြည့်စွက်ထားသော မှည့်ရေးရေးလေး...၊
လူတကာက စွဲလမ်းစေနိုင်သည့်
လေးထောင့်ဆန်ဆန်အပြုံးလေးများဖြစ်ပေါ်စေ
တတ်သည့် နှုတ်ခမ်းလေးများ.....။

ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်သော်လည်း
အရမ်းမဖြူနေဘဲ ညိုတိုတိုလေးဖြစ်နေသော
အသားအရည်လေး..၊
မိန်းကလေးတစ်ယောက်ထက်ပင်
ပြေပြစ်ကာကဗျာဆန်ပြီးသွယ်လျှနေသော
လက်ချောင်းလေးများ...၊
ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနှင့်
နိမ့်သည်ဟုမဆိုသာသော်လည်း
အရမ်းမမြင့်သောအရပ်အမောင်း..၊
သေးသွယ်သောပေါင်တံ၊ခြေသလုံးလေးများနှင့်..
အဆုံးသတ်တွင်တော့ အရမ်းလှပသည့်
ခြေချောင်းရှည်ရှည်လေးများ....၊
လမ်းလျှောက်လိုက်လျှင် ကော့ကော့တက်သွား
သော ခြေမလေးများကအစ ချစ်ဖို့ကောင်းကာ
အသည်းယားဖွယ်ရာအတိ....။

You've reached the end of published parts.

⏰ Last updated: Nov 01, 2019 ⏰

Add this story to your Library to get notified about new parts!

TAEWhere stories live. Discover now