TAE(17)

4K 382 51
                                    

Zawgyi
ဒီလိုလေးချွဲစိန်လေးဖြစ်နေမယ်လို့
ဘယ်ထင်ခဲ့ပါ့မလဲ..အူယားလိုက်တာနော်
ကိုယ်တော့ပိုပိုပြီးချစ်နေမိပြီထင်တယ်
'TAE'

...............💜TAE💜...............

အတန်ငယ်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက်
တိခနဲတိတ်သွားသောမိုးနှင့်အတူ
Jeonသည်လည်း အငိုရပ်သွားသောကြောင့်
စိတ်အနည်းငယ်တော့အေးရသည်။

"Jeon ဘာမှမစားရသေးဘူးမလားဟင်
အောက်ထပ်မှာတစ်ခုခုသွားစားရအောင်နော်"

ဖက်တွယ်ထားတာ လက်ကိုအနည်းငယ်
ဖြည်လျှော့ပြီး Jeonအားပြုံးပြရင်းကြည့်ကာ
မေးတော့

"ဟင့်အင်း Taeကိုယ်မဆာဘူး
ခုနကအတိုင်းလေးပဲဖက်ထားပေးလို့ရမလားဟင်
ဒီတစ်ညလေးပါပဲ"

"ဘာလို့ဒီတစ်ညလေးရမှာလဲ..
Jeonကဖက်စေချင်ရင် ကျွန်တော်က
တစ်သက်လုံးဖက်ထားပေးမှာပေါ့
အခုတော့ တခုခုသွားစားရအောင်နော်
Jeonဆာနေရောပေါ့"

"ဟင်..Tae ဘယ်လို..ပြောလိုက်တာလဲဟင်
နောက် နောက်တစ်ခေါက်လောက်ပြန်ပြော
ကြည့်ပေးပါဦး Tae..."

"Jeonနော်..ကြားလိုက်ရဲ့သားနဲ့
လာညစ်မနေနဲ့"

"ပြောပြပါကွာ Taeကလဲ
Jeonထပ်ကြားချင်လို့ပါ"

အခုတော့လဲ ခုနကငိုနေတာ သူမှဟုတ်ရဲ့လား
တောင်မေးယူရပေတော့မည်။
အပြောင်းအလဲ မြန်ဆန်ချက်က
ဒုံးပျံပင်အဖေခေါ်ရလောက်သည်။
ပြီတီတီနဲ့ ဖြီးနေတဲ့ရုပ်ကြီးကြောင့်
ပြောမိတာမှားပြီဟုသာ စိတ်ထဲမှတွေးရင်း...

"ဟုတ်တယ်လေ လက်ထပ်ထားပါတယ်
ဆိုမှတော့တစ်သက်လုံးဒီအတိုင်းဘေးနားမှာ
ရှိနေပေးရမှာပေါ့ ဘာလို့လဲJeonကမရှိစေချင်လို့လား"

"အဲ....ကိုယ်ပြောတာအဲ့သဘောမဟုတ်ဘူးလေ
Tae.....Taeလေးက..."

"companyကပြန်တော့တွေ့သွားတာလား
Jeonက..အဲ့လိုတွေ့ရင်လဲ ကိုယ့်ယောကျာ်းကို
သူများနဲ့အတူတူတွေ့လိုက်ရတာပဲဟာ
မေးလေ ဖြေရှင်းချက်တွေဘာတွေတောင်းရမှာ
Jeonအလုပ်ပဲဟာ.."

ဟင်.. Taeလေးက ဘယ်လိုပြောလိုက်တာ..
အဲ့လို မေးပိုင်ခွင့် ကိုယ့်မှာရှိတယ် ဟုတ်လား..
ဒါတင်ဘယ်ကမလဲအဲ့လိုစကားလေးကို
နှုတ်ခမ်းလေးကိုဆူကာ မျက်စောင်းလေး
တထိုးထိုးနှင့် မကျေနပ်ချက်တွေပေါက်ထွက်လာတဲ့ ၃နှစ်သားကလေးလေးသဖွယ်ပြောနေသော
ချစ်ရတဲ့ Taeလေးကြောင့်Jung Kook
တစ်ယောက် ရင်ထဲတွင် လှိုက်ခနဲသော
ဝမ်းသာကြည်နူးမှုတွေအပါအဝင်
ကလိကလိနေအောင် အသည်းယားမှုတို့က
ဒီရေတက်သကဲ့သို့ တရိပ်ရိပ်နှင့်ပင်.....

TAEWhere stories live. Discover now