TAE(4)

4.4K 363 17
                                    

Zawgyi
Mrs.Kimတစ်ယောက်ဧည့်ခန်းထဲတွင်
ငူငူငိုင်ငိုင်ဖြင့်ထိုင်နေတာ မည်မျှကြာသွားသည်
မသိ အိမ်ရှေ့မှကားသံကြားမှသာ သတိပြန်ဝင်
လာ၏။

"yeobo,ပြန်လာပြီလား ဒီနေ့အစောကြီးပဲနော်"

"အင်း ဟုတ်တယ် ဒီနေ့လုပ်စရာလဲနည်းနည်းပဲရှိတာနဲ့ ကျန်တာတွေကိုလဲ ကို့အတွင်းရေးမှူးနဲ့ပဲ
အပ်ထားခဲ့တာ ကို့မိသားစုကိုအချိန်ပေးချင်လို့"

အိမ်ရှေ့မှကားသံကြား၍ အခန်းထဲမှထွက်ကာ
အောက်ထပ်သို့ဆင်းလာကြည့်မိ၏။လှေကားသို့
ရောက်သောအခါ ဧည့်ခန်းထဲမှာ appaက
Ommaမေးစေ့လေးကိုင်ကာ ကြင်ကြင်နာနာ
ဖြင့် တယုတယ စကားတွေဆိုနေသည်ကို
မြင်တော့ သူငေးခနဲဖြစ်မိသွား၏။

Appaနဲ့ommaရဲ့အိမ်ထောင်ရေးက
အေးချမ်းလိုက်တာ။သူလဲမကြာခင် အိမ်ထောင်ပြုရတော့မည်မလား။ သူ့အိမ်ထောင်ရေးကရော
Appaတို့လိုသာယာပါ့မလား။သာယာမှာပါလေ
ကိုကိုက ကလေးကိုတကယ်ချစ်တာပဲမလား။
ဆက်မတွေးတာပဲကောင်းပါတယ်လေ။.....

အတွေးစတို့ပြတ်တောက်သွားသည့်အခါမှ
Ommaက...

"သား လာလေ၊ဧည့်ခန်းမှာပဲခနထိုင်ဦး
ထမင်းစားကြတော့မလား
Ommaသွားပြင်ထားလိုက်မယ်နော်
yeoboလဲ ခနနားပြီးပြီဆိုတော့ရေသွားချိုးတော့
ပြီးရင်နှစ်ယောက်လုံးကိုခေါ်လိုက်မယ်နော်"

"nae Omma"

Appaကတော့ ရွှင်ပြုံးနေကာ အပေါ်ထပ်သို့
တက်သွားလေပြီ။Ommaကလဲထမင်းစားခန်းသို့ ထွက်သွားလေ၏။

Appaပြုံးပျော်နေသလောက် Ommaကတော့
မျက်နှာသိပ်မကောင်းဟုထင်မိ၏။သူပြောထား
သည့် အကြောင်းကြောင့်များလား....
မဟုတ်လောက်ပါဘူးလေ....ကိုကိုနဲ့လဲ လူကြီး
ချင်းက သဘောတူပြီးသားပဲကို မြန်မြန်ဖြစ်စေချင်
တယ်လို့ပြောလိုက်ရုံနဲ့တော့ Ommaမျက်နှာ
လေး ညိုးမသွားနိုင်ဘူးမလား...

Appaကိုပြောကြည့်ရင်ရော..အင်း
ဟုတ်တယ်Appaကိုပဲပြောကြည့်ရမယ်။
တကယ်လို့ Appaကိုပြောကြည့်လို့ ommaလိုပဲ မျက်နှာမကောင်းဖြစ်သွားမယ်ဆိုရင်ရော....

အခုချိန်ထိ စိတ်ရှင်းရှင်းနဲ့သဘောမတူကြသေးတာ
လားOmmaတို့ရယ်။မိဘစိတ်မကောင်းဖြစ်တာ
မမြင်ချင်ပေမယ့်လို့လဲ သားကလဲကိုကို့ကိုပဲ
တကယ်ချစ်မိနေလို့ပါ။တောင်းပန်ပါတယ်
ommaတို့ရယ် သား ကိုကို မရှိရင် နေနိုင်မယ်
မထင်လို့ပါ။

TAEWhere stories live. Discover now