Lice တစ်ယောက် စာကြည့်ခန်းထဲမှာ တစ်ညလုံး laptop နှိပ်သံ တစ်ချောက်ချောက်ရယ် စာရွက်လှန်သံ တွေနဲ့ အလုပ်ရှုပ်နေရင်း စာရင်းတွေအကုန်ပြီးသွားတော့ စာကြည့်မျက်မှန်လေးကို ချွတ်ကာ ခေါင်းကို ထိုင်ခုံအမှီသို့ လှဲချလိုက်ကာ မျက်လုံးကို ခနမှိတ်ကာ အနားယူလိုက်သည်...
ထို့နောက် နာရီကို ကြည့်လိုက်တော့ အချိန်က ၆နာရီခွဲ...
ထိုင်နေရာမှ ရုံးသွားဖို့ ရေချိုးရန် သူမတို့ အခန်းထဲကို ဝင်လိုက်တော့ တွေ့လိုက်ရတာက အိပ်မောကျနေတဲ့ ချစ်ရသူ ကလေးငယ်ရဲ့ မျက်နှာနုနု....
.ထို့နောက် ခုတင် ဘေးသို့သွားကာ ကလေးငယ်ရဲ့ မျက်နှာပေါ်ကျနေတဲ့ ဆံနွယ်လေးကို အသာသပ်တင်ပေးလိုက်ပြီး မျက်နှာလေးကို တစ်ချက်ငေးကြည့်ကာ...
ကလေးငယ် က သိပ်ချစ်ဖို့ကောင်းတာပဲ သိပ်မဆိုးပါနဲ့လားကွာ ကလေးရယ်.....
သိပ်ချစ်လို့ မြတ်နိုးလွန်းလို့ ကလေးငယ်လေးကို အရိပ်တကြည့်ကြည့် ကြည့်နေတာပါ ကလေးငယ်ရယ်....
ကိုယ့်ရဲ့ ကလေးငယ်က ဒါတွေကို သိမှသိပါလေစ....
ထို့နောက် နဖူးလေးကို တစ်ချက်နမ်းကာ ရေချိုးခန်းထဲသို့ဝင်သွားလေသည်...
ရုံးသွားဖို့အတွက် အကုန်ပြင်ပြီးတော့ အချိန်က ၇နာရီ....ထို့နောက် ကုတင်ပေါ်က ကလေးငယ်ကို နှိုးရန် အနားသို့သွားလိုက်ပြီး..
ကလေး ကလေးငယ်လေး ထတော့ဟုဆိုတော့
ကလေးငယ်က တအင်း အင်းနှင့် အိပ်ရေးမဝ သေးတဲ့ပုံဖြင့်ထလာရှာသည်...
ကလေး အခုမျက်နှာသွားသစ် ပြီးရင် မနေ့ညက ကိစ္စ ကိုဖြေရှင်းချက် ပေးရမယ် ကလေးငယ် ကိုယ့်မှာအချိန်မရှိဘူး....
၅မိနစ် အတွင်း ထမင်းစားခန်းကို အရောက်လာခဲ့ ကလေးငယ်....ဟုပြောကာ အောက်ထပ်သို့ ဆင်းသွားလေတော့သညိ...
အခန်းထဲမှ လုံးပုကတော့ ၅ မိနစ်နဲ့ ဘယ်လိုပြီးအောင်လုပ်ရမှာလဲ s**t...
ရှင် ဒီထက်ပိုပြီး ကို ရှင့်ကိုဒို့က ဆန့်ကျင်ဦးမှာ စောင့်ကြည့်လို့ လာလီဆာ....😏
YOU ARE READING
Please!Forgive me !Darling (Completed) Z+U
Fanfiction#Jenlisa #Yuri(Girl love)fanfic