.
.
.
.
.Lili'pov
မတွေ့ရတဲ့ နှစ်အနည်းငယ်အတွင်းမှာ ကလေးကို ကိုယ်သိပ်သတိရတယ်....
သို့ပေမဲ့ ကိုယ် ကလေးဆီကို ပြန်လည်းမလာခဲ့သလို ကလေးနဲ့ပတ်သက်တဲ့ social mediaတွေကို လျစ်လျူရှု ထားခဲ့တယ်...
ရံဖန်ရံခါ ကလေးရဲ့ အင်တာဗျူးတွေကိုတော့ နားထောင်ဖြစ်တာပေါ့....
ကလေးနဲ့ မတွေ့တဲ့ အချိန်ကာလ အချို့မှာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို အကောင်အထည်ဖော်ခဲ့တယ်....
ကမ္ဘာအနှံ့ခြေဆန့်ခဲ့တယ်....
ကိုယ့်ဘဝကိုမေ့တယ်....အတိတ်ကအဖြစ်အပျက်တွေကိုမေ့တယ်.... သူငယ်ချင်းတွေကို မေ့တယ်...
ကလေး...အင်း... ကလေးကိုမေ့မရခဲ့ပါဘူး..
ညတိုင်း ကောင်းကင်ကြီး ကိုငေးကြည့်ကာ လေပြည်ညှင်းလေးတွေကို ကလေးထံ အမှာစကားပါးခိုင်းတာက ကိုယ့်ရဲ့ ညစဉ်ညတိုင်း မပျက်မကွက် လုပ်ငန်းလေးတစ်ခုပေါ့...
ကိုယ်ကပဲ အပုန်းမတက်တာလား အဘိုးကပဲ ရှာဖွေတာကျွမ်းတာလားမသိ....
၃နှစ်ဆိုတဲ့ အချိန်ကာလမှာ ကိုယ့်ကို ပြန်ခေါ်လေရဲ့.....
အခုတော့ ကိုယ့်ရဲ့ ဟန်နီ့ဆီ စိတ်သစ်လူသစ်အနေနဲ့ ပြန်စဖို့ မကြာသော အချိန်အနည်းငယ်အတွင်းမှာ လာတွေ့ပါ့မယ်
ကိုယ့်ရဲ့Honey.....
ဒီတစ်ခါတော့ ဘယ်လောက် ကလေးကို ချစ်ကြောင်း လွမ်းနေကြောင်း မြတ်နိုးကြောင်း တွေကို အမြဲတဖွဖွ ပြောပြီး ဟန်နီကို ဘယ်တော့မထားခဲ့တော့ဘူးလို့် ကတိပေးတယ်
ကိုယ့်ရဲ့မြတ်နိုးရပါသော မဟေသီလေးရေ....အင်း....ချစ်လှစွာသော jiကတော့ အခုနေများတွေ့ရင် လူကိုအရေခွံစုတ်မည်ထင်ပါ့....
သူ့မင်္ဂလာပွဲကို မတက်တဲ့ပုဒ်မအနေနဲ့ပေါ့.....
ချစ်လှစွာသော ကင်မ်ချီမြေရေ ကိုယ်ပြန်လာပြီ....
✈✈✈✈✈✈
အင်းချွန်းလေဆိပ် ရောက်တော့ အဖိုးရဲ့ လူယုံ ဦးလေး လီက လာကြိုတယ်....
ရောက်ရောက်ချင်း ကြားလိုက်ရတဲ့ စကားက အဖိုးက နှလုံးဖောက်လို့် ဆေးရုံမှာ အရေးပေါ်တင်ထားရပါသတဲ့....
YOU ARE READING
Please!Forgive me !Darling (Completed) Z+U
Fanfiction#Jenlisa #Yuri(Girl love)fanfic