Lili's letter
သို့
ချစ်ရပါသော ကလေးငယ်...အင်း....စာက တစ်စုံတစ်ယောက်ကို ပေးဖို့အတွက် တစ်ခါမှ မရေးဖူးတဲ့အတွက် တစ်မျိုးတော့ တစ်မျိုးကြီးပဲ ကလေးရ ဟဲဟဲ...
အမှန်အတိုင်း ပြောရရင်တော့ ကိုယ်ကလေးငယ်ကို စီးပွားရေးအရ လက်ထပ်ခဲ့တာမဟုတ်ရပါဘူးကွာ...
ကလေးနဲ့ ပထမဆုံးစတွေ့တဲ့ နေ့မှာတင် ကိုယ်ရင်ခုန်ခဲ့တာလို့ပြောရင် ကလေးက ယုံပါ့မလားတော့မသိ...
ကိုယ်ကလေးနဲ့ စလက်ထပ်ပါပြီဆိုတဲ့နေ့ကတည်းကပေါ့လေ ကိုယ့်မှာ စိတ်ကူးလေးတစ်ခုရှိခဲ့တယ် ကလေးရ...
အခုကတော့ လေထဲတိုက်ဆောက်ခဲ့တဲ့ အတွေးငယ်အချို့ပါပဲ....
ကိုယ်ကလေ ကလေးနဲ့ပျော်ရွှင်တဲ့ မိသားစုလေးတစ်ခု တည်ထောင်ခဲ့ချင်တာ ....
ကိုယ်ပင်ပန်းဝမ်းနည်းတဲ့ အချိန်တွေမှာ ကလေးငယ်ရဲ့ ရင်ခွင်ငယ်လေးထဲ ခေါင်းလေးတိုးဝင်ပြီး ကိုယ့်ရဲ့ ဝမ်းနည်းမှု ပျော်ရွှင်မှုတွေကို ဝေမျှချင်တာ....
ဒါဟာ ကိုယ့်ရဲ့ တစ်ဖတ်သက် စိတ်ကူးလေးပါပဲ
ကိုယ်က ကလေးငယ်ကို ငွေနဲ့ဝယ်ခဲ့တယ်ဆိုပြီး အထင်လွဲခဲ့တယ်ထင်ပါ့
နောက်ပြီး မိန်းကလေးချင်း ဆိုတဲ့အချက်က ကလေးငယ်ကို ပိုပြီး ခံစားရခက်စေတယ်နဲ့တူပါရဲ့....
ကလေးငယ်ရဲ့ သဘောဆန္ဒမပါဘဲ လုပ်ခဲ့မိတဲ့အပြုအမူတွေအတွက်လည်း ကိုယ်တောင်းပန်ပါတယ်ကလေးရယ်....
ကလေးက ကိုယ့်ရင်ခွင်မှာနေရတာ သိပ်ကို မွန်းကြပ်တယ် ထင်ပါ့...
ကိုယ်နဲ့ဆို ကလေးငယ်က အမြဲတမ်း မှုန်ကုတ်ကုတ်နဲ့ရယ်...
ဒါပေမဲ့ ကိုယ်ကလေးငယ်ကို သိပ်မြတ်နိုးတာကိုတော့ယုံပေးနော်....
ကိုယ်က broken familyက လာတဲ့ကောင်ဆိုတော့ ချစ်ခြင်းမေတ္တာ ကို ဘယ်လိုဖော်ပြရမလဲဆိုတာ ကိုယ်မသိခဲ့ဘူး ကလေးငယ်....
ကိုယ်သိတာက ကိုယ်မကြိုက်တဲ့အရာတွေကို အမိန့်ပေးခိုင်းစေချင်း ဆိုတဲ့ အချက်သာ...