Part.6

8.7K 537 46
                                    

Jen နဲ့ Liceတို့ အခြေအတင် ရန်ဖြစ်ပြီးတဲ့နောက် jenက liceကို အရွဲ့တိုက်တာများလာပါတယ်...

Liceကလည်း သူ့ဒေါသအကြောင်း သူသိတဲ့အတွက် မသိချင်ယောင်ဆောင်နေတာ များပါတယ်...

ဒီလိုနဲ့ liceတို့ရဲ့ အိမ်ထောင်သက် ၆ လပြည့် နေ့ ၂၃ ရက်နေ့ကို ရောက်လာပါတယ်....

Liceကတော့ အဲ့နေ့အတွက် သေသေချာချာ လေးကို ပြင်ဆင်ထားတာပေါ့...

ဘယ်လောက်ပဲ ကလေးငယ်ကို စိတ်ဆိုးပါစေ ကိုယ်က ပိုချစ်ရသူမို့ အပြစ်မယူရက်ဘူးလေ....

စိတ်ထဲမှာ အဖုအထစ်ဖြစ်သွားရင်လည်း လွယ်လင့်တကူ ခွင့်လွှတ်တက်တဲ့သူမဟုတ်တဲ့ အတွက် သူ့ကိုယ်သူ ထိန်းတဲ့သဘောလည်း ပါတာပေါ့လေ....

Liceတို့ရဲ့ 6 months anni မရောက်ခင် ၁လ အလိုလောက်မှာ Lice တစ်ယောက် US မှာ လက်ခွဲဖွင့်ထားတဲ့ Company မှာ ပြသာနာ ပေါ်တာကြောင့် ခရီးထွက်ဖို့က အကြောင်းဖန်လာခဲ့ပါတော့တယ်....

Lice***အန်နာ ဒို့တွေရဲ့ ဒီဇိုင်းပေါက်ကြားသွားတဲ့ ကိစ္စ ကဘယ်လိုဖြစ်တာလဲ ဆိုတာကို ရအောင် စုံစမ်းပါ....

အတွင်းလူ ပါလားဆိုတာကိုလည်း သိအောင်လုပ် ပြီးရင် ဒို့အတွက် လေယာဉ် လက်မှတ် ဖြတ်ထားလိုက်.....

မင်းက ဒီမှာ ကျန်ခဲ့ပြီးတော့ ဒီက ကိစ္စ တွေရော စုံစမ်းလို့ ရသမျှတွေကို အချိန်နဲ့တစ်ပြေးညီ ဒို့ကို အစီရင်ခံရမယ်....Ok..

အခု ညတွင်းချင်း လက်မှတ်လိုချင်တယ် စီစဉ်ထားပါ....

အခုဒို့ အိမ်ပြန်ပြီး အဝတ်အစားနဲ့ လိုအပ်တာတွေ သွားယူလိုက်ဦးမယ်...

စိတ်ချပါရစေ အန်နာ...

အန်နာ***မမ စိတ်မပျက်အောင် အန်နာ အစွမ်းကုန် ကြိုးစားပါ့မယ် မမ...

Lice**ကောင်းပါပြီ....

ဟု ပြောကာ သူမရဲ့ ဒရိုင်ဘာ မောင်းပေးသောကားနှင့် အိမ်သို့ပြန်ခဲ့တော့သည်....

အိမ်အပြန်လမ်းမှာလည်း...

Li's mind
မသွားခင်လေးတော့ ကလေးငယ်နဲ့ တွေ့ရရင် သိပ်ကောင်းမယ်...မှာစရာရှိတာလည်း မှာရမှာပေါ့လေ ဟူး....

Please!Forgive me !Darling (Completed) Z+UWhere stories live. Discover now