......
Liceရဲ့စာကို ဖတ်ပြီးသည့်အချိန်မှ စ၍ jen တစ်ယောက် မစားနိုင်မသောက်နိုင်နှင့် အိပ်ရာထဲလဲနေတာ တစ်ပတ်ခန့် ရှိနေရောပေါ့...
Jiကတော့ လာပြီး စောင့်ပေးရှာပါတယ်....
Jenကို သူ့ရဲ့ ညီမလေးအရင်းသဖွယ် ချော့တစ်ခါခြောက်တစ်လှည့် အမျိုးမျိုးဖြင့် ထမင်း မဝင်ဝင်အောင် ကျွေးရပါတယ်.....
ခက်တာက Ireneနဲ့ ညီအစ်မလားလို့ မေးစရာမလိုအောင် ခေါင်းမာလွန်းတာပါပဲ.....
Jenကို အရင်တုန်းက သူတို့နှစ်ယောက် ရဲ့ အကြောင်းအရာအချို့ကို ဖွင့်ပြောပြတော့ jenက ငိုတယ်.....
ခက်ခဲခဲ့တယ် rene နဲ့ချစ်နေစဉ်အတောအတွင်း အတိုက်အခိုက်တွေက သိပ်များလွန်းတယ်....
...တစ်ဖက်က ချစ်ရသူ တစ်ဖက်က အရွယ်နဲ့မလိုက် ခံစားချက်တွေကို မြိုသိပ်တက်လွန်းတဲ့ ကလေးငယ် လီလီ.....
ကံကြမ္မာက သိပ်ကို ဆန်းကြယ်လွန်းတယ် လီလီကတော့ chu ပျော်ရာကို လုပ်ဆိုပြီး အားပေးရှာတယ် သို့ပေမဲ့ reneရဲ့ ဖခင်ဟာ ဒို့ကိုလာရှာပြီး လမ်းခွဲပေးဖို့ တောင်းဆိုပါသတဲ့...
မိဘတွေရဲ့ ဥပက္ခာပြု ခံရခြင်းဟာ ဘယ်လောက်တောင် နာကျင်ရတယ်ဆိုတာ chuကိုယ်တိုင်ခံစား ဖူးသည်မို့ ချစ်ရသူကိုတော့ ကိုယ့်လို အဖြစ်မခံလိုပါ....
အဲ့တာကြောင့် ကိုယ့်ရင်ကို အကွဲခံတာ ရင်နာနာနဲ့သာ လမ်းခွဲပေးလိုက် ပါတော့တယ်....
အပြစ်မရှိတဲ့ လီလီလေးကတော့ သူတွယ်တာရာ chuက သူ့ကို ရွေးလို့ သူတို့၂ယောက်ဝေးကွာခဲ့ရတယ် ဟုဆို ကိုယ့်ကိုကိုယ် အပြစ်တင်ကာနေတဲ့ကလေးပေါ့....
စသဖြင့် ရှေးဟောင်းနှောင်းဖြစ်လေးတွေ jenကို ပြန်ပြောပြတော့ သိပ်ကို သဘောကျရှာတာ....
အရင်တုန်းက အကြောင်းတွေ ပြန်ပြောခိုင်းတော့အစားပုံမှန်စားမှ သူ့ကို ပြောပြမယ်ဟု ပြောတော့မှ ထမင်းကို ပုံမှန်စားသော ဂျပုရယ်ပါ.....
Jenက အခုနောက်ပိုင်း သူမရဲ့အလုပ်တွေကို ပုံမှန်ပြန်လုပ်လာတယ်....