Lice's pov
Freddy ရဲ့ သေဆုံး မှု ဖြစ်ပြီးကတည်းက ကလေးငယ်နဲ့ ကျွန်မတို့ စကားမပြောဖြစ်တာ မဟုတ်ဘူး မျက်နှာချင်းမဆိုင်ဖြစ်တာ တစ်လ ခန့်ရှိသွားပါပြီ...
ကလေးငယ်က ဟိုကောင့်ကို သိပ်ချစ်တယ် ထင်ပါ့...
အခန်းအောင်းပြီး ငိုနေတာ သတိလစ်သွားတဲ့အထိ ပါပဲ...
တစ်ခါတစ်လေဆို အဲ့ကောင်ကို မနာဖြစ်မိတဲ့အထိပါပဲ...
ကလေးငယ်က သိပ်ချစ်လို့ သိပ်ဆိုးလွန်းတယ် ကိုယ့်အပေါ်မှာ...
ကိုယ်က ချစ်ရသူဆိုတော့ သူမလေး နေမကောင်းဖြစ်မှာဆိုးလို့ arjimaကို ဝေယျာစးဝစ္စလုပ်ဖို့ ပြန်ခေါ်ထားရပါတယ်...
ဒါတွေကို ကလေးငယ်မသိဘူး ကိုယ့်မှာ သူ့မလေး မျက်နှာ တစ်ချက်ညိုးရင်တောင် စိတ်ပူနေရတယ်ဆိုတာ....
သူမလေး သူငယ်ချင်းနဲ့ သွားတွေ့မယ်ဆိုပြီး ဟိုကောင်နဲ့ ပျော်ပါးနေတာကို ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရတိုင်း ကိုယ့်နှလုံးသားတွေ အစိတ်စိတ်အမြွှာမြွာ ကွဲကြေနေခဲ့ရတယ်ဆိုတာ....
သိပ်ချစ်လို့ ချုပ်ချယ်မိတာ ကိုယ့်အတွက် အပြစ်လို့ဆိုမလား ကလေးငယ်....
ကိုယ်ကလေ အိမ်ထောင်ရေးဖောက်ပြန်တဲ့သူတွေဆို သိပ်မုန်းတာ...
ငယ်ငယ်က Appaက အပြင်မှာ မိန်းမတွေနဲ့ရှုပ်ပြီး ပြန်လာတိုင်း ommaနဲ့ ကတောက်ကဆ ဖြစ်တာတွေ....
Ommaရဲ့နောက်ဆုံးချိန်မှာတောင် Appaက လာမတွေ့နိုင်ဘဲ အခြားအမျိုးသမီးတစ်ယောက်နဲ့ ပျော်ပါးနေခဲ့တာတွေကြောင့် ကိုယ်က သိပ်မုန်းတာ သိပ်ကို ရွံတာ ကလေးငယ်ရ....
မင်းသိလား...
ကိုယ်တောင် မနမ်းရက်လို့ တယုတယ ထိန်းသိမ်းခဲ့တဲ့ နှုတ်ခမ်းလေး ကို ဟိုကောင်ကိုဖောဖောသီသီတွေပေးနေခဲ့တဲ့ မင်းဟာ သိပ်ရက်စက်တယ် ကလေးငယ်....
အမှန်အတိုင်း နဲ့ အရိုးသားဆုံးဝန်ခံရရင် ကိုယ်အရက်တွေမူးခဲ့တဲ့ ည ကို ကိုယ်မလိုချင်ခဲ့ဘူး ကလေးငယ်....
ကလေးငယ် ဆန္ဒရှိမှ အတူ နေချင်ခဲ့တာ ကလေးရ....
အခုတော့ မင်းက ဟိုကောင့်အတွက်ကျတော့ ဝမ်းနည်းပူဆွေးပေးပြီး....
YOU ARE READING
Please!Forgive me !Darling (Completed) Z+U
Hayran Kurgu#Jenlisa #Yuri(Girl love)fanfic