........
လွမ်းရယ် မပြေ....
အနားမှာ အမြဲ ကလေးရဲ့ မျက်နှာနုနုကို ငေးမောနေရင်းတောင် လွမ်းနေရသူ ကိုယ့်အတွက်
ကိုယ့်အနား မင်းမရှိတဲ့ အချိန်မှာ....
လွမ်းသည် သိပ်ကို လွမ်းသည်....
ကိုယ်မရှိလည်း မင်းလေးက အဆင်ပြေနေသူမို့..
သာယာပျော်ရွှင်နေတဲ့ မင်းဘဝလေးကို ကိုယ် မဖျက်ဆီးလိုဘူး ကလေးရယ်...
နေ့နေ့ညည မင်းကိုပဲ လွမ်းနေ သတိရနေတက်လို့. မင်းရှိရာ အရပ်ဆီ အပြေးလေး ပြန်လာဖို့ ကြိုးစားခဲ့တဲ့ အကြိမ်တွေ(ခြေလှမ်းတွေ)ဟာ ခနခနရယ်ပါ....
ညဘက် ကလေးကို သတိရတဲ့အချိန်တိုင်း ကြယ်လေးတွေကို ငေးမောရင်း ကလေးငယ်ကို ဘယ်လောက်သတိရကြောင်း လွမ်းနေကြောင်း ရင်ဖွင့်ရသည်မှာလည်း ညစဉ်ရက်ဆက်တိုင်းပါပဲ....
တိမ်ထူပြီး လကွယ်တဲ့ ညတွေမှာတော့ ကိုယ့်အဖြစ်က အဖော်မဲ့အထီးကျန်နေတဲ့ မဟူရာ ကောင်းကင်ကြီးဆန်ပါတယ် ကလေးရယ်....
လေညှင်းလေးတွေက မေးတယ်....
မင်းချစ်ရသူကို မလွမ်းဘူးလားလို့ မေးလာပါသတဲ့.....
ကလေးကို လွမ်းတဲ့အကြောင်း ချစ်တဲ့အကြောင်းတွေကို ပြောပြရရင် တစ်ထောင့်တစ်ညသော ပုံပြင်တွေ တောင်ထိုင်ငိုသွားရမယ့် အထိကို လွမ်းနေပါတယ်လို့ ကိုယ်ဖြေခဲ့တယ် ဟန်နီ....
ကြယ်လေးတွေ မတောက်ပတဲ့ညတွေမှာ ကောင်းကင်ကြီး ကိုငေးမောကြည့်တော့ လမင်းကြီး က ကိုယ့်ကို မေးတယ်.....
တစ်ယောက်တည်း လွမ်းပြီး ခံစားနေရတာ မနာကျင်ရဘူးလားတဲ့ သူကတော့ အခုလို ကြယ်လေးတွေ မရှိတဲ့အချိန်မှာ သိပ်ကိုအထီးကျန်နေပါသတဲ့....
သြော်.....
မေးတက်ပါ့ ဖိုးရွှေလရယ်...သေနတ်ဒဏ်ရာ ရနေတဲ့သူကို နာရဲ့လားလို့ မေးနေသလိုပါပဲလား....
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် လွမ်းနေရတဲ့ အလွမ်းသက္ကရာဇ်တွေကို အချစ်ပန်းတွေပွင့်ဝေနေမယ့်အချိန်ကို ပြောင်းလဲလိုက်ချင်ပါဘိ ဖိုးရွှေလရယ်....
YOU ARE READING
Please!Forgive me !Darling (Completed) Z+U
Fanfiction#Jenlisa #Yuri(Girl love)fanfic