Part.8

9.1K 514 60
                                    

Lice တစ်ယောက် ကားကို အရှိန်ပြင်းစွာ မောင်းနှင်ပြီး မျက်နှာက လုံးဝကို ပေါက်ကွဲ တော့မယ့် မီးတောင်တစ်လုံးအသွင်ဖြစ်ပေါ် နေတော့.....

Jenမှာ ကြောက်ကြောက်ရွံရွံနှင့် အားတင်းကာ.....

ရှင် ဒီလိုနှုန်းအတိုင်းမောင်းနေရင် သေကုန်တော့မှာပဲ...အရှိန်လေးဘာလေးလဲ လျှော့ဦးဟု ဆိုတော့.....

Li***အဟက် သေသွားလည်း အေးတာပဲ...

မင်းအခုနေ မသေချင်ရင် အဲ့ သောက်ပါးစပ်ကို ပိတ်ပြီး ငြိမ်ငြိမ်လေးထိုင်ပြီး လိုက်ခဲ့...

မဟုတ်ရင် ငါမင်းကို အခုချက်ချင်း ထသတ်မိမလားပဲ....

မင်း သောက်ပြစ်ကို မင်းသိမယ်ထင်ပါတယ် Ruby...😈

J***Ruby???တဲ့လား...သူအဲ့လိုခေါ်လိုက်တာ ဘာလို့ ကျောရိုးထဲထိ စိမ့်တက်သလို ခံစားနေရတာပါလိမ့်....မဖြစ်နိုင်ဘူး မဟုတ်မှ freddyနဲ့ ကိစ္စကို သိသွားတာများလား???

အခု ဒေါသနဲ့ဆို ငါတော့ အသက်တောင်ရှင်နိုင်ပါ့မလားမသိ...

ပြောလည်းမရမယ့်အတူတူ
ဒီအတိုင်း ငြိမ်ငြိမ်လေးထိုင်ပြီး လိုက်သွားတာ အန္တရာယ်ကင်းပါတယ်လေ...ဟုတွေးကာ လိုက်ပါသွားခဲ့ပါသည်....

Li's mind
ကလေးငယ် မင်းလေးက သိပ်မိုက်တယ်

ကိုယ်မင်းကို မြတ်နိုးလွန်းလို့ မထိရက်မကိုင်ရက်နဲ့ ထားတာကို ကလေးငယ်က ကိုယ်မနမ်းရက်တဲ့ နှုတ်ခမ်းလေးကို ဟိုကောင့်ကို ရက်ရောစွာ စားသုံးစေတယ့်ပေါ့....တောက်

ကိုယ့်ရာဇဝင် ရိုင်းလိုက်တာကွာ...

အေး...ကလေးငယ်က ကိုယ်ပိုင်ဆိုင် တဲ့အရာတွေကို ခွင့်ပြုချက်မရှိဘဲ သူများပေးခဲ့တယ်ဆိုတော့...

ထိုက်တန်တဲ့ တန်ဖိုးတော့ ကလေးငယ်ပြန်ပေးဆပ်ရမှာပေါ့

ဟိုကောင်ကတော့ ကိုယ်ပိုင်ဆိုင် တဲ့အရာကို လာထိပါးတဲ့အတွက် ငရဲကို ပို့ရလိမ့်မယ် ကလေးငယ်...

ခက်တယ်ခက်တယ် မင်းလေးက သိပ်ခက်တယ်...

ကလေးငယ်ကို သိပ်ချစ်လွန်းလို့ အရိပ်တကြည့်ကြည့် ကြည့်နေခဲ့ပေမဲ့....

Please!Forgive me !Darling (Completed) Z+UWhere stories live. Discover now