part-3

2.7K 298 41
                                    


(zawgyi)

"သား ​ဒီ​နေ့​ကျောင်းမသွား​တော့ဘူး ဒယ်​ဒီ"

"ဘာလို့လဲ သားရဲ့"

ဆန်​ပြုတ်​​သောက်​​နေတဲ့ဆယ်​ဟွန်းဘက်
မေ့​ငေါ့ပြရင်း...

"ဟွန်းမှ​နေမ​ကောင်းတာ အိမ်​မှာ
သူတစ်​​ယောက်​ထဲဖြစ်​​နေမှာ​ပေါ့ စိတ်​ပူလို့"

"ဟက်​~ သ​ဘော သ​ဘော "

ချန်း​ယောလ်​စကား​ကြောင့်​ ဆယ်​ဟွန်း
ပြုံးစိစိ​လေးဖြစ်​သွားရတယ်​ စိတ်​ပူတယ်​တဲ့​လေ..

အန်​ကယ်​ကိုနှစ်​​ယောက်​သားအိမ်​​ရှေ့ထိလိုက်​ပို့​ပေးကာပြန်​ဝင်​လာ​ကြ​တော့..

"ဟွန်း~ အိပ်​ချင်​ရင်​အိပ်​​လေ "

"ဟင့်​အင်း မအိပ်​ချင်​ဘူး "

"အဲ့ဆို ငါရုပ်​ရှင်​ကြည့်​တဲ့နား
ထိုင်​​နေ လာ တီဗီ​တော့မကြည့်​ရဘူး
ခေါင်းမူးလိမ့်​မယ်​"

"အွန်း "

ချန်းရုပ်​ရှင်​ကြည့်​​နေတဲ့​ဘေးထိုင်​ကာ
ဘာမှမလုပ်​ရ​တော့လူကအိပ်​ငိုက်​​နေပြီ...

"ငါ့ပခုံး​ပေါ်မှီအိပ်​​လေ ဟွန်း"

"ဟမ်​!!"

"ဘာဖြစ်​တာလဲ အလန့်​တကြားနဲ့ လာ"

ဆယ်​ဟွန်း​ခေါင်းကိုဆွဲကာ သူ့ပခုံး​ပေါ်မှီ​စေသည်​ အဲ့​တော့ အိပ်​ချင်​​နေတဲ့ဆယ်​ဟွန်း
မျက်​လုံး​တွေပြူးကာ ရင်​ဘတ်​ထဲလည်း
တဒုတ်​ဒုတ်​နှင့်​......

"ချန်း~"

"အွန်း~"

"ဂျူံအင်​မိသားစုက ဘယ်​လို
အ​ခြေ​နေလဲဟင်​?"

"ဟွန်းက ဘာ​တွေကြားထားလို့လဲ
သူများစကား​တွေနားမ​ယောင်​စမ်းပါနဲ့"

"ဘာ ဘာမှမကြားထားပါဘူး "

"မလိမ်​ပါနဲ့ ကင်​မင်​​ဆော့တစ်​​ယောက်​လုံးရှိ​နေတာ သူပဲ​ပြောတာမလား?"

"သူက ချန်းတွက်​စိတ်​ပူလို့ပါ"

"ဒီမယ်​ ဟွန်း ငါကခါအီကို ခါအီမို့လို့
ချစ်​​နေတာ သူ့မိသားစုအ​ခြေ​နေ​တွေဘာ​တွေငါဘာမှမသိချင်ဘူး နားမလည်​ဘူး"

အဖြည့်ခံ နှလုံးသား ♡ Where stories live. Discover now