part-11

3.1K 324 20
                                    

(zawgyi)

တကယ်​ကိုပဲ ချန်းကသူ​ပြောခဲ့သလို
ကင်​ဂျူံအင်​ကိုဆက်​မရှာပဲ ကျွန်​​တော်​အ​ပေါ်
ပြောင်းလဲလာခဲ့တယ်​....

မင်​​ဆော့က​တော့ သူ​ပြောခဲ့လို့ဒီလိုအချိုး​ပြောင်းတာဆိုပြီးလက်​မတစ်​​ထောင်​​ထောင်​နဲ့..

ဒါမဲ့ အန်​ကယ်​ကို​တော့အခုထိစကားမ​ပြော​သေးသလို့သွားလည်းမ​တွေ့​ပေ...

အန်​ကယ်​အခုလိုဖြစ်​​တော့ ကုမ္ပဏီကိစ္စအဝဝကိုချန်းကကျွန်​​တော်​ထံလွဲအပ်​​ပေးခဲ့လို့အခုဆိုကုမ္ပဏီမှာကျ​တော်​ကသူ​ဌေး​နေရာရ​နေပြီ.....

ကျွန်​​တော်အလုပ်​လုပ်​တာကိုသ​ဘောကျကြတဲ့ဒါရိုက်​တာအဖွဲ့ဝင်​​တွေကလည်းမည်​သူမှမကန့်​ကွက်​ခဲ့ပါ​လေ.....

အန်​ကယ်​ကို​တော့ အိမ်​မှာပဲ​သေချာဆရာဝန်​နဲ့ပြုစု​ပေးတာမို့ အနည်းငယ်​​တော့သက်​သာလာ၏....

ချန်းအ​ကြောင်းကြား​တော့ ဝမ်းသာတဲ့
စိတ်​​တွေလည်းပါမှာပါ....

ကုမ္ပဏီ အိမ်​ ချန်း ​ဝေယျာစ္စ​တွေနဲ့တင်​ကျွန်​​တော်​တစ်​​နေ့တာကအချိန်​ပြည့်​မအားလပ်​...

အဲ့လိုလုပ်​​နေရလို့ ပင်​ပန်းလားဆို​တော့
လုံးဝမပင်​ပန်းပါဘူး ချန်း ကျွန်​​တော်​အ​ပေါ်ဂရုတစိုက်​ရှိ​နေမူ​တွေနဲ့တင်​အရာရာ​ကျေနပ်​ကာ ပြီးပြည့်​စုံ​နေခဲ့ပါတယ်​......

ဖေ​ဖေကို​တောင်​တစ်​ပတ်​တစ်​ခါ​လောက်​ပဲ
သွား​တွေ့ဖြစ်​​တော့တယ်​...

"ချန်း ည​နေစာဘာစားမလဲ?
ဘာချက်​​ပေးထားရမလဲ?"

ဒီ​နေ့ကုမ္ပဏီကအ​စောကြီးပြန်​လာရက်​မို့
ချန်းကို​သေချာချက်​​ကျွေးချင်​လို့ပါ အလုပ်​ရှုပ်​တဲ့ရက်​ဆိုဖြစ်​သလိုနဲ့နှစ်​ပါးသွားရ​တော့ကြာ​တော့ချန်းကိုအားနာလို့.....

"​နေပါ​စေ ဟွန်းလည်းပင်​ပန်း​နေတာ"

"မဟုတ်​တာ ​ပြောပါ တစ်​ခုခု"

သင်​တန်းသွားရန်​အင်္ကျီဝတ်​​နေတဲ့သူ့နားသွားကာကြယ်​သီးတပ်​​ပေးရင်း​မေးလိုက်​သည်​....

အဖြည့်ခံ နှလုံးသား ♡ Where stories live. Discover now